ရှောင်းကျန့်တစ်ယောက် မေ့နေသည်မှာ၃ရက်ရှိပြီဖြစ်သည်။ ရိပေါ်လဲအတော်လေးစိုးရိမ်နေရပေသည်။
ခွဲခန်းထဲကထွက်လာသည့် အချိန်မှစ၍ယနေ့အချိန်ထိ ရိပေါ်ကရှောင်းကျန့်ဘေးနားတွင်နေပြီး လိုအပ်သည်များကို လုပ်ပေးပြီးသတိပြန်ရလာဖို့သာဆုတောင်းနေရသည်။ ဝမ်ပါးကတော့တစ်ရက်တစ်ခါရုံးဆင်းချိန်မှသာခနလာတက်သည်။
' သတိရပါတော့ကိုကိုရယ်
ခင်ဗျားကိုကျွန်တော်နှိပ်စက်လို့မဝသေးဘူးနော်
ခင်ဗျားဆက်မေ့နေရင် ကျွန်တော်တစ်ခြားတစ်ယောက်နဲ့ယူလိုက်မှာ
မယူစေချင်ရင်မြန်မြန်ထတော့ဗျာ '" အင်းး ... "
" ကို..အဲ...ရှောင်း ရှောင်းကျန့် ခင်ဗျားသတိရလာပြီလား
ရလာရင်လဲထတော့ "
ပြောပြီး အခန်းပြင်ထွက်သွားလိုက်သည်။
ခုနကကြိမ်းဝါးပြီး သတိရဖို့ဆုတောင်းနေသည်မှာသူမဟုတ်သည့်အတိုင်းပင်။ရှောင်းကျန့်သတိရလာပြီဟု ဆေးရုံမှအကြောင်းကြားသောကြောင့် ဝမ်ပါးလဲဆေးရုံသို့ရောက်လာခဲ့ရသည်။ရိပေါ်ကတော့အခန်းပြင်တွင်သာစောင့်နေသည် ။
ဆရာဝန်မှ
" လူနာကသတိပြန်ရပြီဆိုပေမယ့် ဂရုစိုက်ဖို့တော့လိုတယ်ဗျ
အစတည်းကနှလုံးအားနည်းတဲ့အခံရှိပြီး ဆေးလဲသောက်နေကျနဲ့ဆိုေတာ့ အခုလဲဆေးပုံမှန်ပြန်သောက်ပေးရပါ့မယ်
ပြီးတော့ဒီရက်ပိုင်းအတွင်း stressမရှိရအောင်ဂရုစိုက်ပေးရပါ့မယ် "ဝမ်ပါးတစ်ယောက်ခေါင်းငြိမ့်ပြရုံသာ၊
ရှောင်းကျန့်လဲ ဆရာဝန်ထွက်သွားသည်နှင့်မျက်လုံးစုံမှိတ်၍သာအနားယူလိုက်သည်။
ရိပေါ်ကတော့
* ဟက် ခင်ဗျားကဒီလိုနည်းနဲ့ရှောင်ထွက်လို့ရမတဲ့လား *
ဆေးရုံမှပြန်လာခဲ့သည်။နှလုံးသားတစ်စုံရဲ့နာကျင်မှုကိုရင်ဝယ်ပိုက်လျက်..,..
ဒီနေ့ရှောင်းကျန့်ဆေးရုံမှ ပြန်ဆင်းလာသောနေ့ဖြစ်သည်။ ဆေးရုံမှာတော့တစ်ပတ်လောက်အနားယူလိုက်ရသည်။
ဆေးရုံမှာ ရှိနေစဥ်အချိန်အတွင်းတော့ ဦးရှင်းကသာပြုစုပေးသည်။ ဝမ်ပါးကတော့ရုံးဆင်ချိန်ခနသာလာတက်သည်။ဆေးရုံတက်နေစဥ်အတွင်းတော့ဦးရှင်းကပြောပြတယ်။
ESTÁS LEYENDO
တွဲလက်တွေမြဲပါရစေ(completed)
Fanficပထမဦးဆုံးရေးသားခြင်းပါ🌼 အမှားပါရင်လဲခွင့်လွှတ်ကြပါနော် ကိုယ့်လူသားလေးနှစ်ဦးကိုမြတ်နှိုးလွန်းလို့ရေးသားရခြင်းပါ💗 မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ❣️ ကိုယ်ကonly yizhanပါနော်💛💛🙆♀️