အပိုင်း ၁

4.4K 195 14
                                    

(Unicode)

"ကြယ်တံခွန်!"

အခန်းရှေ့မှာရစ်သီရစ်သီလုပ်နေသော
ဆံရစ်ဝိုင်းလေးနှင့် ကလေးမလေးကို ပုံမမှီ လှမ်းခေါ်လိုက်တော့ စပ်ဖြဲဖြဲရာယ်ပြကာ အကွယ်မှထွက်လာခဲ့သည်။

"ဘာလုပ်နေတာလဲ တံခွန် မုန့်သွားမစားဘူးလား"

ကျောင်းဆင်းချိန်မလို့ အခြားကလေးတွေနည်းတူ
မုန့်စားဆောင်မသွားသော တံခွန်ကို မေးစမ်းကြည့်တော့ တံခွန်က ပြုံးမြဲသာ။

"ဟုတ်ဆရာမ တံခွန် မမအက္ခရာကို ‌လာတွေ့တာ‌ပါဆရာမ"

ပုံမမှီက အလယ်တန်းကျောင်းရဲ့ ကျောင်းဆရာမတစ်ဦးဖြစ်သည်။ တစ်နေ့တည်းကျောင်းဖြစ်ပြီး သူငယ်တန်းကနေ ရှစ်တန်းထိ စာသင်ခန်းများရှိသည်။ ကိုးတန်းဆယ်တန်းကတော့ အထက်တန်းကျောင်း သို့ပြောင်းတက်ကြရသည်။
ပုံမမှီက ရှစ်တန်း (A) အခန်း၏အတန်းပိုင်ဆရာမတစ်ဦးလည်းဖြစ်သည်။ မုန့်စားချိန်ကို အငယ်တန်းတွေက စောဆင်းရပြီး အကြီးတန်းတွေကတော့ အနည်းငယ်နောက်ကျပြီးမှဆင်းကြရသည်။
ယခုတွင်လည်း တံခွန်တို့က မုန့်စားဆင်းနေပေမယ့်
အက္ခရာတို့ကလိုသေးတာမလို့ စာသင်နေတုန်း
အတန်းရှေ့ဝေ့ဝဲနေတဲ့ တံခွန့်ကိုတွေ့ကာ ခေါ်ယူလိုက်ခြင်းဖြစ်သည်။ ဒါဟာ တစ်​ကြိမ် တစ်ခါတော့မဟုတ်ခဲ့ပါ။ ထို‌ကလေးဟာ အက္ခရာကိုသတိထားမိသည့်အချိန်မှစ၍ နေ့တိုင်းလိုလို ‌အခန်းရှေ့ရောက်ရောက်လာတတ်သည်။အက္ခရာက ရှစ်တန်းဖြစ်ပြီး တံခွန်ကတော့ လေးတန်းအရွယ်ဖြစ်သည်။

"တံခွန် ခဏနေအကြီးတန်းတွေဆင်းတော့မှာ အရင်မုန့်သွား၀ယ်ထားနှင့် ပြီးရင် ခိုက်မိကုန်မယ်"

အကြီးတန်းတွေက အတန်းဆင်းပေးလိုက်သည်နှင့်
မုန့်စားဆောင်သို့ပြေးလွှားကာ အလုအယက်သွားကြသည်မလား။ဒါကြောင့်လည်း အငယ်တန်းတွေကို စောလွှတ်ပေးခြင်းဖြစ်သည်။

"ဟုတ် ဆရာမ... မမအက္ခရာ တံခွန် ပြန်လာခဲ့မယ်နော်"

တံခွန်က ဆရာမကိုနှုတ်ဆက်ရင်း အက္ခရာဘက်ကိုပါ လှမ်းကြည့်ရင်း တစ်ဆက်တည်းပြောသည်။
မျက်နှာပေါ်တွင်လည်း အပြုံးတွေက ဖောက်စင်ကျနေသလို ဒလဟောဖြစ်တည်လို့။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Tempat cerita menjadi hidup. Temukan sekarang