( Unicode )
" ကိုကို ရှိလား "
ဘတ်ခ်ဟျွန်းအသံစာစာလေးအိမ်ပေါ်ထပ်မှာနေတဲ့ချန်းယောလ်နားထဲရောက်လာခဲ့သည်။
မကြာပါဘူး။လှေကားပေါ်တဗုန်းဗုန်းနှင့်ပြေးတက်လာပြီး အခန်းတံခါးကိုခပ်ကြမ်းကြမ်းဖွင့်ကာ ချန်းယောလ်လှဲနေတဲ့ကုတင်ပေါ်ကိုဝုန်းခနဲတက်လာခဲ့သည်။
" ဘတ်ခ်ဟျွန်းနီး "
ချန်းယောလ်ဘေးဝင်လှဲပြီး ခါးကိုအတင်းဖက်ကာ ရင်ခွင်ထဲတိုးဝင်နေတဲ့ ဘတ်ခ်ဟျွန်းကြောင့် စာအုပ်ကိုင်ထားတဲ့ချန်းယောလ်လက်တွေတုန်ယင်လာရသည်။
" ကိုကို .. ဟျွန်းနီး နေမကောင်းဘူး။ကိုကို့နားမှာပဲ အိပ်တော့မယ် "
ရင်ခွင်ထဲကခေါင်းလုံးလုံးလေးပေါ်ဆံသားနုနုလေးတွေကို ခိုးနမ်းမိပေမယ့် လုံးတစ်တစ်ကိုယ်လုံးလေးကိုတော့ ပြန်ဖက်ထားခြင်းမရှိ။ အသက်အရွယ်ရလာလေလေ ခန္ဓာကိုယ်ချင်းထိတွေ့ချင်းကိုရှောင်ရှားလေလေဖြစ်သူကတော့ ချန်းယောလ်ပါပဲ။
ဆန့်ကျင်ဘက်အနေနဲ့ ချန်းယောလ်ကိုမှမထိတွေ့ရရင် စားမဝင်အိပ်မပျော်ဖြစ်တဲ့သူက တော့ ဘတ်ခ်ဟျွန်းပါပဲ။
ခြံချင်းကပ်နေသလို မိဘများအချင်းချင်းကပါသိနေကြသည်မို့ ချန်းယောလ်နှင့်ဘတ်ခ်ဟျွန်းအတွက်တော့ နှစ်အိမ်စလုံးကတံခါးမရှိဓါးမရှိတဲ့အခြေအနေပါပဲ။ ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်။
အဲ့ထဲမှာအဆိုးဆုံးကတော့ ဘတ်ခ်ဟျွန်းပေါ့၊ ချန်းယောလ်အနားမှာ တောက်တဲ့လေးလိုတွယ်ကပ်နေတာအမြဲပေါ့။ မသိတတ်ခင်ကအတူတူအိပ်၊ အတူတူစား၊ အတူတူရေချိုးတာမျိုးရှိပေမယ့် နှစ်ယောက်လုံးအရွယ် ရောက်ပြီးတဲ့အချိန်မှာတော့ ချန်းယောလ်ထိုကိစ္စကို အတတ်နိုင်ဆုံးရှောင်ရှားဖြစ်၏။
ဤသည်ကို ဘတ်ခ်ဟျွန်းကနားမလည်၊ သူ့ကို မခင်တော့ဘူး၊ စိမ်းကားသွားပြီ၊သူစိမ်းဆန်သွားပြီဟူ၍ ပေါက်ပန်းလေးဆယ်ကိုင်တုတ်ပြီး ချန်းယောလ်ကိုပြဿနာရှာလေ့ရှိသည်။
ညီအစ်ကိုသံယောဇဉ်လိုသတ်မှတ်ပြီးဘတ်ခ်ဟျွန်းအနေနဲ့ ချန်းယောလ်အပေါ်စိတ်လက်ပေါ့ပါးစွာခင်မင်နိုင်ပေမယ့် ချန်းယောလ်အ တွက်တော့ တော်တော်လေးကိုခက်ခဲတဲ့ကိစ္စတရပ်ပါပဲ။
YOU ARE READING
With You [ ChanBaek ]
Romance- ChanBaek | One Shot | Donation Project - Cover - Pinterest