Spring Dream ( Unicode)

1.2K 124 16
                                    

SD~နွေဦးအိမ်မက်

" ယောင်း... ယောင်း......"
' ယောင်း ' ဆိုတာက သူကျွန်တော့်ကို ခေါ်တဲ့ နာမ်စားလေးတစ်ခု။
သူခေါ်တဲ့အသံချိုချိုလေးကို ကြားနေရပီဆို သေချာတယ် ‌ကျွန်တော် အိမ်မက် မက်နေပီ။
ဒီအိမ်မက်တွေက နေ့တိုင်းမက်နေကြမို့ ကျွန်တော့်အတွက် မထူးဆန်းတော့ပါဘူး။
မထူးဆန်းဘူးဆိုပေမဲ့ ကျွန်တော့်အတွက် အမြဲအသစ်လိုပဲ ။
အိပ်ယာကထကာ မျက်နှာသစ်ပြီး ကော်ဖီတစ်ခွက်နဲ့အတူ ဝရန်တာမှာ ထွက်ထိုင်အုံးမယ်။
သူ့အကြောင်းလေးတွေးရင်း...
နားထောင်နေကြ သီချင်းလေးကို ဖွင့်လိုက်တော့ သီချင်းအစက .....
{~보고 싶다
လွမ်းလိုက်တာ
이렇게 말하니까 더 보고 싶다
ဒီလိုမျိုးပြောလိုက်တော့ ပိုတောင်လွမ်းတယ်~}

သီချင်းထဲကအတိုင်းပါပဲ ကျွန်တော် သူ့ကို လွမ်း‌တယ်။ အရမ်းလွမ်းနေတာ....

___________SD__________

_____F-B_____
ကျွန်တော့်နာမည်က ကင်ထယ်ယောင်း ။
ကိုယ်ပိုင်စတူဒီယိုလေးနဲ့ ကိုယ်ဝါသနာပါတာကို လုပ်နေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။
ပြိုင်ပွဲတစ်ခုကြောင့် ကျွန်တော် ခရီးထွက်ဖို့ အကြောင်းဖန်လာခဲ့ပီ။

" ထယ်ယောင်း မင်းနောက်ကျနေတော့မယ် "

" အေးပါကွာ ပြီးပြီ "
ပြင်ဆင်နေတာကြာလို့ ပေါက်ပေါက်ဖောက်တော့မဲ့ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းကြီး ပတ်ဂျီပု မှားလို့ ပတ်ဂျီမင်း ။
သူက လူပုစိတ်တိုလေးမို့ ယောင်သွားတာ။

" ဟျောင့် မြန်မြန်လာလေကွာ "

" လာပီ ဘာလို့ အော်နေတာလဲ မင်းသွားရမှာလား ငါသွားရမှာလား "

" ‌နောက်ကျမှာစိုးလို့ပြောနေတာ စေတနာနဲ့မတန်တဲ့ အကောင် ထယ်ယောင်း ဟိုရောက်ရင် ပြဿနာမရှာနဲ့နော် ငါ့ဦးလေးအိမ်ကို မင်းနဲ့စိတ်ချမယ်နော် "

" အေးပါ ငါဘာပြဿနာမှ မရှာပါဘူး ဓာတ်ပုံရိုက်ရုံပါ "

" ပြီးတာပါပဲ သွားတော့‌ နောက်ကျနေပီ "

" တာ့တာ ဂျီမင်း "

ကျွန်တော် ဂျီမင်းကို လက်ပြနှုတ်ဆက်ပြီး ဂျယ်ဂျူကျွန်းမှာရှိတဲ့ ရွာငယ်လေးကို ခရီးထွက်ခဲ့တယ်။
ဆောင်းရာသီကုန်ခါနီး အချိန်ဆိုပေမဲ့ ဂျယ်ဂျူရဲ့ရာသီဥတုက ဆိုးလ်ထက် အေးတယ်။
လေယာဉ်ဆိုက်ပြီး ကားတစ်စီးနဲ့ ရွာငယ်လေးကို ခရီးဆက်ခဲ့တယ်။
ရာသီဥတုအခြေအနေ‌က မြူတွေအုပ်ဆိုင်းပြီး ဆိုးလ်မှာထက် ပိုအေးတာကို ခံစားရသည်။

Spring Dream (One Shot )Where stories live. Discover now