Chit Thaw Ako(Short story)

19 1 0
                                    

16+🚫⛔⚠

''ဆူး........´´

''ရှူး......အကို.....ရှူး´´

အချိန်အကြာမေ့လျော့နေရာမှအကိုဆိုလိုက်တဲ့
စကားတစ်ခွန်းက ဆူးတဲ့
ဟုတ်တာပေါ့ အဲ့ဒါသူ သိပ်ချစ်ရတဲ့အမျိုးသမီး
ငါ့ချစ်သူကိုလုယူသွားခဲ့တဲ့
မိန်းမရဲ့နာမည်ဆိုလဲဟုတ်တယ်........

''အင်း.....ဟင်း....´´

ညည်းညူသံတွေနဲ့အတူအတင်းထဖို့ကြိုးစားနေတဲ့
အကို့ကို တွေ့ရတော့ ငါမှာရင်ထဲမကောင်းလိုက်တာ

''ကျစ်.....အကို ရယ်မထပါနဲ့ ‌အကို့ခန္ဓာကိုယ်က
ဒဏ်ရာတွေအရဆို အရမ်းနာနေမှာအကိုရဲ့........´´

အကို အရမ်းနာနေလားဟင်
ဟင် ဖြေလေ အကိုရဲ့ အရမ်းနာနေလားလို့

မိန်းမယုတ်.....,

အကိုက ငါ့ကိုစူးစူးနစ်နစ်ကြည့်ပြီးအော်လိုက်တာ
ငါ့မှာရင်ကွဲမတတ်ပါပဲလေ........

ဒါပေမယ့်လေ ငါမငိုဘူး ငါလုံးဝ မငိုဘူး
အကိုကငါ့မျက်ရည်တွေကိုဂရုမစိုက်ဖူးဘူးလေ

မင်း......ဘာလုပ်မလို့လဲ

အကိုက သိပ်ကြောက်တတ်တာ ငါ့လက်ထဲဓားကိုင်
ထားတာမြင်တော့သူ့ကိုတစ်ခုခုလုပ်မှာစိုးရိမ်နေပံုပဲ စကားတွေတောင်ထစ်ကုန်တယ်

အီး......အီး.....

ပါးစပ်ကိုတိတ်နဲ့ပိတ်ထားလို့ထင်ပါရဲ့တအီးအီးနဲ့ငိုနေရှာတဲ့ ဆူး......ထိုမိန်းမကိုမြင်ရတော့ အကို့မှာ
သွေးရူးသွေးတန်းနဲ့ထပြေးတာ ခြေထောက်ကသံကြိုးတွေကိုတောင်သတိမထားမိတဲ့ပံုပဲ

ဘုတ်......အားအား...... ကယ်ကြပါအုံး   အား

ပြောပါတယ်အကိုရယ် မထပါနဲ့လိုခုတော့
ကြွက်ထောင်ခြောက်နဲ့မိပြီမလား
ငါကအရမ်းသနားတတ်တာလေ ဖောက်ပြန်လို့
မုန်းနေပေမယ့်ငါချစ်ရတဲ့လူနာကျင်နေတာမြင်ရတော့မကြည့်ရက်ပါဘူး အဲ့တော့
ထောင်ခြောက်ထဲညပ်နေတဲ့အကိုခြေထောက်တွေကို ငါခုတ်ဖြတ်ပေးလိုက်တယ် အကို့ကိုလွတ်မြောက်စေလိုသောစေတနာနဲ့ပါ.......

အကိုကတော့ သိပ်မအော်တော့ဘူး ဒဏ်ရာကြောင့် သတိလစ်သွားတယ်ထင်ပါရဲ့

Chit Thaw Ako(Short story)Where stories live. Discover now