Unicode
ကျန်းကျယ်ဟန့်သည် သူ၏ အခန်းထဲတွင် ချန်းချောင်နှင့် ချန်လင်တို့၏ အကူအညီဖြင့် မင်္ဂလာဝတ်စုံကို လဲလှယ် ဝတ်ဆင်နေရသည်။
ပိုးထည် အဝတ်အစားသစ်များ များစွာရောက်လာခဲ့သည်။ ထို့နောက် မင်္ဂလာ ဝတ်စုံအဖြစ် အနီရောင် ပိုးထည်ကို ချုပ်လုပ်ထားကာ အပေါ်ရုံကို ပိုးကတ္တီပါသားဖြင့် သေသပ်စွာ ချုပ်လုပ်ထား၏။ ဝတ်ရုံပေါ်တွင် ကျောက်မျက်ရတနာများပါ စီချယ်ထားရာ ကျယ်ဟန့်မှာ များစွာ အံ့ဩနေမိလေသည်။သူသည် သက်ပြင်းအခါခါချရင်း အဝတ်အစားများပြင်ဆင်ပေးခြင်းကို ငြိမ်သက်စွာ လက်ခံနေ၏။ ရင်ထဲတွင် တင်းကျပ်နေကာ မျက်ရည်တို့က ရစ်ဝိုင်းချင်သော်လည်း ကတိတည်ရမည် ဟူသော စိတ်ဖြင့် အားတင်းထားခဲ့သည်။
သူက ရှုံးနှိမ့်ခဲ့ရသူပင် မဟုတ်ပါလား ။ ချစ်ရသူကိုရော ရိထျန်းကောကိုပါ သူရှုံးခဲ့ရခြင်းဖြစ်လေသည်။ချစ်ရသူ၏ အမေ့ပျောက်ခံ လူသားတစ်ယောက် ဖြစ်သွားရခြင်းကိုဖြင့် ရင်နာနေရပါသည်။
ချန်းချောင်သည် နှုတ်ခမ်းကို အရောင်တင်စက္ကူဖြင့် ဖိစေရန်ပြင်လိုက်လျှင် ကျယ်ဟန့်သည် မျက်နှာကို လွှဲထားလိုက်၏။" ကျဲ ကျွန်တော် မိန်းကလေးမဟုတ်ဘူးလေ "
" အယ် မှားသွားလို့ပါ ကျယ်ဟန့်ရယ် "
ချန်းချောင်က ရယ်မောကာဖြင့် အခြားလိုအပ်သည်များကို ပြင်ဆင်ပေးနေ၏။
ကျယ်ဟန့်သည် ယခုအချိန်ထိ ရိထျန်းကော ရောက်မလာခြင်းကြောင့် ချန်းချောင်ကို မေးလိုက်သည်။
" ကျဲ ရိထျန်းကောရော "
" အရှင်က မြို့ခဏသွားတယ် မင်္ဂလာအထိမ်းအမှတ် ကျွေးမွေးပွဲရှိတယ်လေ မြို့ပိုင်အရှင်ရဲ့ မင်္ဂလာမို့ မြို့လုံးကျွတ် ကျွေးမွေးတယ်လေ "
" ဪ "
ချန်လင်လေးသည် သူခါးစည်းကြိုးကို သေချာလှပစွာ ပြင်ဆင်ပေးရင်း သဘောကျစွာပြုံးနေ၏။
" ဟန်ကောက အခု ပျော်နေလားဟင် ၊ အရှင်က နေ့လည်က မြို့ကိုမသွားခင်က သိပ်ပျော်နေတာ ၊ ကျွန်တော့်ကိုလည်း ကောကိုဂရုစိုက်ဖို့ အထပ်ထပ်မှာသွားတယ် "
![](https://img.wattpad.com/cover/288128079-288-k524477.jpg)
ВЫ ЧИТАЕТЕ
ФанфикUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...