'' မေမေက မိခင်ပါ သားရယ် မေမေ့နှလုံးသားထဲက သေချာနေပါတယ်၊ ဒီမှာ သမီးကြီး ဒီအရွယ်မှာရှိနေမယ့်ရုပ် သူနဲ့တစ်ရုပ်တည်းပါ ဖြစ်မှဖြစ်ရလေ သမီးကြီးရယ် မေမေ့ သမီးကြီး ''မိုးစက်ပိုင်'' ပါ ''
နှင်း သူ့ကိုတင်းတင်းကြပ်ကြပ်ပင်ပွေ့ဖက်ထားမိသည်ါ သူ့ခန္ဓာကိုယ်က မတုန်မလှုပ်ကျောက်ရုပ်။ '' မိုးစက်ပိုင် '' '' ခွန်းဆက်ပိုင် '' ''ကြယ်စင်ပိုင် '' ဆိုသော သားသမီးသုံးယောက် ကို နှင်းရင်နှင့်လွယ်ပြီး မွေးခဲ့ရတတာပါ။ သမီးကြီး မိုးစက်ကို အသက်လေးနှစ်အရွယ် မှာ ပျောက်ဆုံး ဆုံးရှုံးခဲ့ရသည်။
'' သွေးစစ်ကြည့်ရင် DNA စစ်ကြည့်လိုက်ရင် အဖြေပေါ်ပါတယ်ကွာ စစ်ကြည့်ရအောင် ဒီလိုကွာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက လေးနှစ်အရွယ် ငါတို့သမီးကြီးလေး ဒီတောင်ကြီး တန်ဆောင်တိုင်ပွဲမှာပျောက်သွားခဲ့တယ်ကွာ သူ့နာမည်က မိုးစက်ပိုင်တဲ့၊ သူ့ရဲ့ညာလက်ဖျံမှာ ဌက်ပုံလိုခပ်ဆင်ဆင် အမှတ်ဆန်းကလေးတစ်ခုပါတယ် ဒါကြောင့်မင်းကိုတွေ့လိုက်တဲ့အချိန်မှာ ငါ့ရဲ့သမီးများလားလို့ ငါလည်းတော်တော်တုန်လှုပ်သွားခဲ့တာ၊ သမီးကြီးကို ပြန်တွေ့နိူးနဲ့ နှစ်တိုင်း ဒီပွဲမှာပြန်လာရှာခဲ့မိတာ အနှစ်နှစ်ဆယ်ရှိပြီ၊ တစ်နှစ်မှ မပျက်ခဲလဘူး၊ ဒီနှစ်ကျမှပဲ မင်းနဲ့တိုက်တိုက်ဆိုင်ဆိုင်ဆုံဖြစ်တာကွာ ငါတို့နဲ့ခဏလောက်တော့ လိုက်ခဲ့ပေးပါကွာ ငါတို့ သမီးဟုတ်မဟုတ် စစ်ကြည့်ချင်လို့ပါ ''
ဦးဝန်းရံပိုင် က တောင်းပန်သလို လေသံမျိုးဖြင့်ရှင်းလည်းရှင်းပြ တောင်းလည်းတောင်းဆိူ လိုက်သည်။
သူခေါင်းတစ်ချက်ကုတ်မိသည်။ အနှစ်နှစ်ဆယ်လုံးလုံး လူတကာ၏ ကြမ်းတမ်းစွာ ဆက်ဆံသော ဆက်ဆံမှုပုံစံတစ်မျိုးတည်းသာ သူရရှိခဲ့ဖူးသည်။ ကြိမ်းမောင်းရန်လိုသံ၊ နှိမ်ချ စွပ်စွဲသံ၊ စော်ကားပြစ်တင်သံတွေသာ သူလက်ခံရရှိခဲ့ဖူးသည်။ သူ့ဘဝက ကြမ်းတမ်း ဆင်းရဲလွမ်းခဲ့သည်။ လူတစ်ယောက်ဆီက ခုလို နူးညံ့သိမ်းမွေ့လွန်းသော ပျော့ပျောင်းစွာ တောင်းပန်ချေညလမော့သံမျိုး သူ့ဘဝမှာ တစ်ခါမှ မကြားဖူးခဲ့။ ပြီးတော့ အမျိုးသမီးကြီး၏နက်ရှိုင်းပျော့ပျောင်းလွန်းသော ဂရုဏာ လွှမ်းလွန်းသော မျက်ဝန်းတွေကလည်း သူ့ရင်ထဲမှာ ထူးဆန်းနက်နဲသော ကြေကွဲဆို့နင့်ဝေဒနါတစ်မျိုးကိုပေးနိုင်စွမ်းလှသည်။ မိခင်တစ်ယောက်၏ အကြင်နာကြီးလှသော ဂရုဏာမျက်ဝန်းတွေ၊ သူဇဝေဇဝါ ဖြစ်နေသည်။ တကယ်ပဲ ဒီအမျိုးသမီးကြီးဟာ သူ့ရဲ့ အမေအရင်းလား။ဒီမိသားစုဟာသူ့ရဲ့မိသားစုလား။ သူ မေမေ့ကိုအမြဲတမ်းအိပ်မက်မက်ခဲ့ဖူး
သည်။ သူ့အမေဟာ ဒီလောက်တောင်ပဲ ကျက်သရေရှိစွာချောမောသတဲ့လား။ သူ့မိသားစုဟာ ချမ်းချမ်းသာသာအဆင့်အတန်းမြင့်မြင့် လူတန်းစားအလွှာကတဲ့လား။ သူ့ကျတော့ ဘာကြောင့်များ အနှစ်နှစ်ဆယ်လုံးလုံး စုတ်ပြတ်ဆင်းရဲကြမ်းတမ်းအောက်တန်းကျလှသော ဘဝတစ်ခုမှာ ငရဲကျဝဋ်ဆင်းရဲခံခဲ့ရ ပါသလဲ။ သူ့ဘဝက ဇီးရိုးတောင်မက အနှုတ်လက္ခာဏာတောင်ပြနေသောဘဝ။ နေထိုင်စရာ အိမ်ရာအတည်တကျမရှိ။ စားစာရာနပ်မမှန်တဲ့ဘဝ။ ခုလို ကားအကောင်းစားကြီးစီးခွင့်ရဖို့ဆိုတာအိမ်မက်ထဲတောင် ထည့်မက်ခွင့်မရှိတဲ့ဘဝ။ လူတွေကြည့်လိုက်တော့လည်းတစ်သက်လုံးစည်းစိမ်ကျနစွာ အဆင့်အတန်း မြင့်မြင့်နေထိုင်ခွင့်ရထားသော လူတန်းစားမျိုး အရောင်အဝါတစ်မျိုးမျိုး အလိုလိုလင်းဖြာ ထွက်နေတာ။
YOU ARE READING
မရဲ့....မူပိုင်ရှင်
Short Storyအမှတ်တရသိမ်းထားချင်မိတဲ့ normalfic တွေကိုရောသမမွှေထားတာပါ အမှားပါရင်ခွင့်လွှတ်ပေးစေချင်ပါတယ်ဗျာ🙏🙏