"မမဂျန်းနီဆီမသွားဘူးလား နင့်ကိုခေါ်ထားတာဆို "
မနက်စာစားပြီးပြီးချင်း နာအွန်းတို့အတန်းဘက် သွားဖို့ပြင်နေတဲ့လီဆာကို ဂျီဆူးကမေးလာသည်။ လီဆာ ခေါင်းသာရမ်းပြလိုက်၏။
"ဘာဖြစ်နေတာလဲ နင်မနေ့ကတစ်ခုခုဖြစ်ခဲ့တယ်မဟုတ်လား "
"မသိဘူးဂျီဆူးရာ ငါလည်းဘာဖြစ်နေမှန်းမသိဘူး နောက်မှပြောကြရအောင် ငါသွားပြီ နေ့လည်မှအတန်းလဲမယ်နော် "
ဂျီဆူးကိုနှုတ်ဆက်ပြီး ခဲတံနဲ့ပုံဆွဲစာအုပ်ကိုကိုင်ကာ လီဆာ စာသင်ဆောင်တွေဘက် ထွက်လာခဲ့သည်။ တစ်ဖက်သတ်ခံစားချက်တွေဖြစ်ပြီး တစ်ယောက်ထဲဝမ်းနည်း တစ်ယောက်ထဲလမ်းတွေပျောက်ရတာ လီဆာသိပ်ပင်ပန်းတယ်။ ဗိုက်ထဲမှာလိပ်ပြာတွေပျံအောင် လုပ်နိုင်စွမ်းရှိသူက ဒီလိုနာကျင်မှုမျိုးကိုလည်းပေးတတ်ကြောင်း အခုမှနဖူးတွေ့ဒူးတွေ့ သဘောပေါက်ရရဲ့။
ဒါပေမယ့်လည်း လီဆာ ကင့်ကိုမချစ်ဘဲမနေနိုင်ပါ။ ကံဆိုးစွာနဲ့ပဲ ကင်နဲ့လီဆာဟာ နှုတ်ဆက်ရမယ့်ကံကြမ္မာနဲ့တွေ့ဆုံခဲ့ပုံရပါတယ်။ လီဆာက အချိန်တန်ရင်ထွက်သွားရမယ့်သူဖြစ်ပြီး ကင်ဟာတော့ နဂိုပုံစံအတိုင်းကျန်နေခဲ့မှာပဲ။
တကယ်တော့လီဆာက ပြုတ်ကျမှာသေချာတဲ့ အမြင့်တစ်နေရာမှာ ရပ်နေရတဲ့လူနဲ့တူတယ်။ အကျသက်သာဖို့ကိုပဲတွေးနေပြီး နောက်ပြန်လှည့်ဖို့စိတ်မကူးနိုင်။ ပြန်လှည့်လို့မရအောင် ဒီမိန်းမကိုချစ်မိပြီး ဝေးရတဲ့အခါ သက်သက်သာသာအသဲကွဲနိုင်ဖို့ လီဆာကြိုးစားရဦးမှာ။ အဲ့တာကြောင့် မဝေးခင်ကတည်းက သံယောဇဥ်ကြိုးတွေတင်းတင်းမချည်မိဖို့ ကင်ရှိနေတဲ့အရပ်ဆီ ခြေဦးမလှည့်ရန် ဆုံးဖြတ်ထားသည်။
ကြောက်လို့ပါ.. ။ ကင့်အပေါ်ထားမိတဲ့ လီဆာ့ရဲ့စိတ်ကို လီဆာက ပြန်ကြောက်လာလို့ ..။
🌻
"အဲ့လိုဆွဲရမှာမဟုတ်ဘူး ဂျီယွန်းန .. ဒီနေရာကို အရမ်းကြီးဖိမဆွဲရဘူး ဒီမှာဒီလိုဆွဲနော် ပြီးမှ မမလီလီနဲ့အတူတူ အရောင်ခြယ်ရအောင် "
"ဟုတ်ကဲ့ မမလီလီ "
လီဆာ ဂျီယွန်းရဲ့ဆံပင်လေးတွေကိုထိုးဖွလိုက်ရင်း ပြုံးလိုက်မိသည်။ ဒီကလေးတွေရဲ့နောင်ရေးအကြောင်း ခေါင်းထဲဝင်လာပြန်တော့လဲ စိတ်မသက်သာ။
ESTÁS LEYENDO
Daisy ; Blooms in 1960
FanficA sunflower said she found love where she saw the brave daisy.