လူကုံထံ ရပ်ကွက်မို့ ခြံအကျယ်ကြီးတွေသာရှိပြီး လူသွားလူလာ မရှိသလောက်ကို လူသူကင်းမဲ့ နေတဲ့ လမ်းမလေးပေါ်မှာ အဆက်မပြတ်ပြေးနေတဲ့ ကောင်လေးတယောက်။ နီရဲနေတဲ့ မျက်၀န်းအစုံနဲ့ မျက်နှာပေါ်မှာလဲ နှင်းငွေ့ရည်တွေလား မျက်ရည်တွေ လား မကွဲပြားတော့ ။
၀မ်ရိပေါ် သူ့မျက်နှာပေါ်က မျက်ရည်စက်တွေကိုဆွဲသုတ်ကာ မားမားဆီကို ဦးတည်၍ မရပ်မနား အပြေးသွားနေမိသည်။
ခုချိန်မှာ သူ့ဝမ်းနည်းမှုတွေကို ဖွင့်ဟဖို့ မားမားဆီရောက်ချင်နေတဲ့ စိတ်ကထက်သန်နေတာမို့ မောရမှန်းတောင် သတိမရနိုင်ဘဲ ခုထိ မရပ်တန့်ဘဲ ပြေးနေမိတုန်း။
ထိုစဉ် သူ့ရှေ့မှာထိုးရပ်လာတဲ့ ကားတစီး ။ ထိုကားကြောင့် အစကသူကြောင်သွားမိပေမဲ့ ထိုကားပေါ်မှ ဆင်းလာတဲ့ လူ၅ယောက် ကြည့်ရတာ လူဆိုးကြီးတွေလိုဘဲ မျက်နှာတွေက ခက်ထန်နေလေရဲ့။ ထိုလူတွေ သူ့စီ ဦးတည်ကာလာနေဝာာမို့ ကြောင့် သူရဲ့ ၀မ်းနည်းစိတ်က ကြောက်စိတ် သို့ ပြောင်းသွားရသည်။ ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်တော့ ခြံအကျယ်ကြီးတွေ အပြင် လူသူတွေကင်းမဲ့နေတာမို့ သူ့ကြောက်စိတ်က ပိုမို ကြီးမားလာတာကြောင့် ရိပေါ် နောက်ပြန်လှည့်ပြေးရန်ပြင်လိုက်သည်။
" ဟိတ်ကောင်တွေဖမ်းစမ်းကွာ"
ထိုကြောက်စရာလူတွေနဲ့ ဝေးအောင် နောက်ပြန်လှည့်ပြေးရန် ပြင်လိုက်ပေမဲ့ သူဘယ်နှလမ်းမှ မလှမ်းရသေးခင် ထိုလူတွေလက်ထဲ ရောက်သွားရသည်။
" ဘာ ဘာလုပ်ကြမလို့လဲ သားကိုလွှတ်ပါ "
"နားငြီးတယ် စောက်ပါးစပ်ပိတ်ထားစမ်း မင်းအော်လဲ ဘယ်သူမှမကြားနိုင်ဘူးကွ"
သူ့ကို တဖက်စီချုပ်ကာ ကားနောက်ဖုံးထဲ ပစ်ထည့်လိုက်တဲ့ လူတွေ။
အဖုံးပိတ်လိုက်သည်နဲ့ အမှောင်ကြောက်တဲ့သူမို့ အသက်ရှုဖို့တောင် ခက်ခဲလာရသည်။'ဗုန်း ဗုန်း ဗုန်း'
"လွှတ် သားကို လွှတ်ပေးပါ"
'ဗုန်း ဗုန်း ဗုန်း'
သူ ကားဖုံးကို ကြိုးစားထုနေပေမဲ့ ပွင့်မလာဘဲ မောင်းထွက်သွားတာကို ခံစားမိလိုက်သည်။ သူကြောက်တဲ့ အမှောင်ထုကို သူ့အင်အားတွေကို စုပ်ယူသွားသလိုဘဲ သူ ဆက်အော်ဟစ် ထုရိုက်ဖို့ အားအင်တွေတောင် မရှိတော့ပေ။
ESTÁS LEYENDO
Born To Love You 💞
Fanficနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...