Part-25(Final)🌻

2.4K 83 0
                                    

(၂)နှစ်ခန့်ကြာသော်

"သား...ပါးပါး မျက်နှာသစ်ပေးနေတာကို ငြိမ်ငြိမ်နေလေ"

"သစ်နဲ့..ပါးပါး..သစ်နဲ့.."

ခေါင်းအတင်းခါပြီး ဘေစင်ပေါ်မှ လှုပ်ရွနေသော ကိုယ်လေးအား ရှောင်ကျန့်မနဲထိန်းထားရသည်။

"ရှောင်းယွမ်လေး...မနက်အိပ်ယာထရင် မျက်နှာသစ်ရမယ်လေ"

"ပါးပါး သစ်နဲ့"

"ပါးပါး မသစ်ပေးလို့မရဘူးလေ...ရှောင်းယွမ်လေး ရေတွေစိုကုန်မှာပေါ့"

သားကိုအလိုလိုက်ချင်ပေမယ့် သူ့ဟာသူသစ်ရင်ရေစိုပြီး ရင်ဘက်အအေးပတ်မှာ စိုးတာကြောင့် ရှောင်ကျန့်ငြင်းရတော့တယ်။

"ဒယ်ဒီ သစ်ပေးမှ.."

ဟွန့် သိလိုက်ပါပြီ။ ကိုယ်တော်ချောက သူ့ဒယ်ဒီကို ဂျစ်ချင်နေမှန်း။

"ရှောင်းယွမ်လေးရဲ့ ဒယ်ဒီကမှမနိုးသေးတာ..."

ပြောလိုက်မှ နှုတ်ခမ်းကြီးရှေ့ထွက်လာတဲ့
ရိပေါ်ပေါက်စလေးကို အူယားလိုက်တာ တစ်ကယ်ပါဘဲ။ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ကိုင်လိုက်ရင်းမှ...

"သား သွားနိုးချင်လာ"

"ဟုတ်"

"သွား..သွားနိုး"

ပြောပြီး ဘေစင်ပေါ်ကနေချပေးလိုက်တော့ လုံးလုံး လုံးလုံးနှင့် ပြေးသွားပါလေရော။
သားလေးက ဂျီကျတတ်ပေမယ့် စကားအရမ်းနားထောင်တဲ့ကလေးလေး။

ဟိုတစ်နေ့ကလည်း ရိပေါ်ညနက်တဲ့ထိ အလုပ်လုပ်ရလို့ နောက်ကျတဲ့ထိ မထနိုင်သေးတာကို သားကမျက်နှာသစ်ခိုင်းဖို့သွားနိုးတာမို့
ရှောင်ကျန့်ဆူထားတာ။ ဒါကို မှတ်ထားသည့်ပုံပင်။ ဒါကြောင့်လည်း သူသွားနိုးချင်တာကို ရှောင်ကျန့်က ခွင့်မပြုဘဲ ထပ်ဆူမှာကို သူကြောက်နေလေရဲ့။

ရိပေါ်အိပ်နေရင်းမှ ပါးများစပ်လာပြီး ကြယ်တွေလတွေပါမြင်လာတာကြောင့် မျက်လုံးကိုခပ်မြန်မြန်ဖွင့်လိုက်တော့ ချစ်ရတဲ့ဘေဘီလေးက ဗိုက်ပေါ်ခွပြီး မျက်နှာကိုအသားကုန် ဆော်နေလေရဲ့။

ရိပေါ်လည်း လက်သေးသေးလေး နှစ်ဖက်ကိုချုပ်ပြီး ကိုယ်လုံးလေးကို ရင်ခွင်ထဲပစ်ထည့်လိုက်တော့ 'ဒယ်ဒီ မောနင်း'ဆိုပြီး နှုတ်ဆက်လာပြန်သည်။

Infinity...(Complete)Where stories live. Discover now