5

499 78 7
                                    

"ဆောင်ဟွန်းရေ ဒီနေ့ကျောင်းဆင်းရင်
ဆောနူကို အိမ်ခေါ်ခဲ့ပါဦး သူအိမ်ပှာပျင်းနေရောပေါ့ မလာဖြစ်တာလည်းကြာပီလေ
သူကြိုက်တဲ့ဟင်းလေး ချက်ကျွေးမယ်ပြောလိုက် "
"အာ အမေကလည်း ခဏနေပါဦး
သားက အမေတို့ရဲ့သားအရင်းပါနော် သားကိုလည်းဂရုစိုက်ကြဦး" ဆူပုတ်"နှင့်ဆိုမိတော့

"သားကလည်း မင်းအဖေကပါ ဆောနူလေးကိုလာစေချင်နေတာ
အမေက ကိုယ့်သားလေးကို ချစ်ပီးသား
ဆောနူလေးလည်း ဒီလိုနွေး"ထွေး"လေးနေချင်ရှာမှာပေါ့ မဟုတ်ဘူးလား
ဒါမဲ့လည်း သားခေါ်ချင်မှခေါ်လာခဲ့လေ "

သိတယ် ဒါအမေ သူ မခေါ်ခေါ်လာအောင်လုပ်ပြောနေတာ
ဒီကလည်းမနေနိုင်ပါဘူး ခေါ်မှာပါ
အခုက ကိုယ့်စိတ်ကိုအဆင်မပြေနေလို့ အခုတလော ေဆာနူအပေါ် သူ့ခံစားချက်တွေက မလုံမလဲ
ဘာဖြစ်နေမှန်းကိုယ့်ဘာသာလည်းမသိ
တော်"စိတ်ရှုပ်ဖို့ကောင်းနေတာပဲ
ဟူးး.ဒီညနေတော့ ဆောနူကို အိမ်ခေါ်လာရတော့မယ် ဟင်မ်းးး

.................

"ဟရောင့် ဆောင်ဟွန်း မင်းအခုတလော ငြိမ်လှချည်လား
အမြဲ သွား၃၂ခေျာင်းလုံး ပေါ်အောင် နေနေတဲ့ကောင်က ဘာတွေဖြစ်"
ကိုယ့်အပူကို ဂျုံဆောင်းက သတိထားမိသလို ဆိုလာသည်
ဒီခံစားချက်ကြီးကို တခါတည်းမေးကြည့်လိုက်ရမလား ဂျုံဆောင်းဆို သိလောက်သည်လေ

"အေး ငါကွာ အခုတလော ပုံမှန်မဟုတ်ဘူး" ပြောရင်း ဂျုံဆောင်းကို ကြည့်လိုက်တော့ ​​ေသချာနားထောင်နေသည့်ပုံပေါ်၍

"ငါလေ အခုတလော သူ့မျက်လုံးကို စေ့"မကြည့်ရဲဘူး
မဟုတ်ဘူး ငါသူနဲ့တောင်သိပ်မျက်နှာချင်းမဆိုင်ရဲဘူး
သူနဲ့တွေ့နေရတိုင်းကွာ ဘယ်လိုပြောရမလဲ သူ့ကိုကွာ... ဘယ်လိုလဲ အာ..
ပုံမှန်လိုမမြင်ဘူး ငါ့မျက်လုံးထဲလေ အရမ်းလေကွာ ငါမပြောတတ်ဘူး တမျိုးပဲ
ပီး သူ့အသံကို ကြားရတိုင်းမှာလည်း ရင့်ထဲ တသိမ့်"နဲ့
သူနဲ့အစထဲက သိတယ်ဆိုပေမဲ့ အစက အဲ့လိုမဟုတ်ပေမဲ့ကွာ
အခုတလောမှ အဲ့လိုတွေဖြစ်တာကွာ
ခံစားချက်ကြီးကလေ အဆင်မပြေပေမဲ့ အဲ့ခံစားချက် ကို မကြိုက်တာလည်း မဟုတ်ပြန်ဘူး
ငါရူးသွားတာတော့ မဟုတ်ဘူးမလားဟင်"

𝐃𝐨𝐧'𝐭 𝐰𝐚𝐧𝐭 𝐭𝐨 𝗗𝗘𝗣𝗘𝗡𝗗 ( completed )Where stories live. Discover now