" ဦးလေး ဗျ ကျွန်တော် (.....) ကို သွားချင်လို့"
gulf airport ရောက်ချင်း club က စီစဥ်ပေးတဲ့ ကားမရောက်သေးတာမို့
gulf ကိုယ့်ဘာသာ taxi ငှားပြီး အိမ်တန်းပြန်လာ လိုက်တယ်။
ဒီနေ့ ပြန်ရောက်မယ် ဆိုတာကြိုမပြောပြထားတာမို့
ဟိုအရူး အိမ်ပြန်ရောက်လို့ ကိုယ့်ကို တွေ့ရင်
ဘယ်လို ဖြစ်မလဲ ဆိုတာgulf မိုးရေစက်တွေ တွဲခိုနေတဲ့ ကားမှန်ပြတင်းပေါက်ရဲ့ အပြင်ဖက်ဆီ ကြည့်ကာ
ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိတော့တယ်။" သားရေ ရှေ့မှာကောင်လေးတစ်ယောက်ထဲ
ကား တားနေတယ်...အဲ့ဒါ.... "Taxi သမားဦးလေးကြီးပုံ က ၅၀ ကျော်ပုံစံ
ရှိနေပြီဆိုပေမယ့် ခုထိ ကားမောင်းအလုပ်လုပ်နေရတုန်းပုံပင်။gulf ကလဲ တစ်ယောက်တည်း ငှားစီးလာတာဆိုတော့ ရှေ့က တားနေတဲ့လူနဲ့ လမ်းကြောင်းသင့်ရင်
အတူ တင်ပြီး တစ်လက်စတည်း နှစ်ခါ အလုပ်ပြီးချင်တယ် ထင်ပါရဲ့ မေးလာတာမို့
" ရတယ် ဦးလေး....လမ်းကြောင်းသင့်ရင် တင်လိုက်ပါ ဗျ..."
Taxi သမားဦးလေးကြီးလဲ လက်ရှိ passenger ကောင်လေးဆီက ခွင့်ပြုချက်ရတာမို့
ရှေ့နား ကားတားနေတဲ့ ကောင်လေးရှေ့မှာ ရပ်လိုက်တယ်။
" ဦးလေး ကျွန်တော်(....) အဲ့ကိုသွားချင်လို့ပါ"
" လမ်းကြောင်းသင့်တယ်။ငါ့တူ..."
taxi သမားဦးလေးကြီးက နောက်ခန်းရှိ gulf ဆီလှည့်ကာပြောလာတာမို့
" အာ့ဆို တစ်ခါတည်း တင်လိုက်ပါဦးလေး"
gulf ခွင့်ပြုလိုက်တယ်။
ကားငှားတဲ့ ကောင်လေးက ကားကိုပတ်ကာ ရှေ့ခန်းက taxi ဦးလေးကြီးဘေးမှာ အမြန်ဝင်ထိုင်လိုက်ပြီး
ခေါင်းက ဆံပင်ပေါ်မှာ တွဲခိုနေတဲ့ ရေစက်တွေကို လက်နဲ့ သပ်ချလိုက်ပြီး
gulf ရှိရာ နောက်ဖက် လှည့်လာကာ...
" ကျေးဇူးပါအကိုရာ။ မိုးကလဲ တအားရွာနေတာ ဆိုတော့လေ....."
YOU ARE READING
More than a friend(သူငယ်ချင်းထက်ပို){Completed}
Fanfictionအေးဆေးနေတတ်တဲ့ Mew နဲ့ ဒေါသကြီးလွန်းတဲ့ Gulf ဆိုတဲ့ သူငယ်ချင်းညီကို နှစ်ယောက် နီးစပ်ဖို့ရှိပါ့မလား....💙💙💙(Uni+Zawgyi)