(Zawgyi)
ဦးစောဒင်မူကား အိမ်ပေါ်ထပ်လှေကားမှသည် မြေပေါ်သို့ ကြွလှမ်းလျှက် ခြံဝန်းထဲက ကျော့မော့စွာ ထွက်ခွာသွားသော သမီးဖြစ်သူအား ဝရံတာမှတဆင့် ငေးရှု၍ ကြည့်ရင်းနဲ့သာ ကျန်ရစ်နေခဲ့လေ၏။
သူကြီးရဲ့နေအိမ်မှ ထွက်လာခဲ့ပြီး ရွာထဲလှည့်ပတ်ကြည့်နေဆဲမှာပင် စိတ်တို့ရွှင်ပျလာတာကြောင့် အခင့်ရဲ့ခြေလှမ်းများဟာ သွက်လက်လို့နေသည်။
"ဖြည်းဖြည်းသွားပါ့ မလေးခင်ရယ် ကြီးတော် အသက်ကြီးပြီမို့ မလေးအပါး လိုက်လို့ကိုမမှီချေဘူး"
"ဒီတော့ဖြင့်ရင်လည်း သူကြီးအိမ်မှာတင်ပဲ ကျန်ရစ်ခဲ့ပါရော့လား ဘာကြောင့်များ အခင့်နောက်ပါးကို လိုက်လာနေချေသေးသလဲ"
"မဖြစ်ချေပါဘူး မလေးခင်ရယ် မြို့ဝန်မင်းလက်နဲ့ကြီးတော်ဇီဝိန်ကြွေ ရပါလိမ့်မယ်"
"ဒီမှာကြီးတော် မယ်မင်းက အခင့်အပါးမှာ နေပြီး အခင့်ရဲ့အမိန့်ကို နာခံရမှာ အခင့်ကို ပြန်ပြီးမိန့်ကြားနေရမှာ မဟုတ်လေဘူး သိပါစ"
"သိပါရဲ့ကွယ် သိပါရဲ့ ကြီးတော် မလေးခင် အပါးမှာ နှုတ်ဆိတ်နေ၍သာ အမှီလိုက်ပါ့မယ်"
"အခင့်ခွင့်ပြုမှသာ ခွန်းစထွက်ပါ နို့မဟုတ်က မယ်မင်း အသက်ကို အခင် အာမခံလိမ့်မည်မဟုတ်"
"ကြီးတော်သိပါပြီ မလေးခင် ကြီးတော်မှတ်ထားပါ့မယ်"
"ကိုင်းသဟာဖြင့် ရှေ့ကလမ်းအချိုးမှာ ရှိတဲ့ အကြော်တဲဆီကို ခေတ္တဝင်ရအောင်"
စိတ်ထဲရှိသမျှပြောကာ ရှေ့တူရူသို့ ခပ်သွက်သွက် ထွက်သွားလေတဲ့ ဒေဝီ့နောက်ပါးသို့ မယ်လှခမျာ မပြေးရုံတမယ် ခပ်မြန်မြန်လိုက်ရပြန်လေပြီ။သူ့ခမျာ ဖြည်းဖြည်းသွားပါ့လို့လည်း မပြောရဲရှိရာ မောနေသည်ကိုပင် မျက်ကွယ်ပြုလျစ်လျူလျှက် ကြိတ်မှိတ်၍သာနေရရှာ၏။
အများသူငါ မြင်ရင်ဖြင့် အိုကွယ် ဒေဝီက ရက်စက်လိုက်ပါပေ့ ဆိုပြီးမှတ်ချက်ပြုကြလေတော့မည် အမှန်ဆိုရကား ဒီဟာသည်လည်း ဒေဝီ့အပြစ်တော့မဟုတ်ချေပါဘူးလေ။ဖခင်က မြို့ဝန်အဆင့် ဆိုသည့်ပေသော်လည်း မွေးကတည်းက ရွှေလင်ဗန်းဖြင့် အချင်းဆေးလျှက်
ဘုရင့်သမီးတော်နှင့် ပမာမခြား ကြီးပြင်းခဲ့ရသူဖြစ်ပြီး မိခင်ဖြစ်သူမှုံမဒီရဲ့ ဒေါသမာန်အမွေက အသွေးအသားထဲအထိ ပါလာခဲ့တာမို့ ဒီလောက်မျက်မာန် ဒီလိုမာန်မာန ရှိနေတာ ဒေဝီ့အပြစ်တော့မဟုတ်ချေ။
VOCÊ ESTÁ LENDO
နှင်းဆီအားနိဒါန်းသွယ်လို့ဘယ်ပုံညှာချိုးပါလိမ့်(ဒေဝီခင်)