Zawgyi //
" ဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးပြီးတာနဲ့ မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းက ဒီနေရာမှာပဲအဆုံးသတ်ပြီ ဂျွန် "
အနက်ရောင်ဖောင်တိန်လေးကိုကိုင်ကာ လက်မှတ်ထိုးရန်အသင့်အနေအထားရှိတဲ့ထယ်ယောင်းက တည်တည်ငြိမ်ငြိမ်ပဲစကားဆိုလာသည် ။ သူ့မှာနောင်တရသည့်အမူအယာဟူ၍ နည်းနည်းမျှရှိသည့်ပုံမပေါ်ပါ ။
" ငယ် တကယ်ပဲ အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီလား ။ ကိုယ်တို့ရဲ့ရေစက်က ဒီနေရာအထိပဲ အရေးပါတာလား ငယ် "
ငယ်သည် မျက်လုံးလေးလှန်ကာ သူ့ကိုမော့ကြည့်သည် ။ နောက်ပြီး ငယ်က ဖြည်းဖြည်းချင်းပြုံးပြသည် ။ အသက်မပါသော မဲ့ပြုံးတစ်ခုနှင့်..
" ငါ လက်မှတ်ထိုးပြီးပြီ ။ ကျန်တာ မင်းအပိုင်းပဲ ။ ဒီနေ့ကစပြီး မင်းနဲ့ငါဆိုတဲ့ဖြစ်တည်မှုက မရှိတော့ဘူး ဂျွန် "
သူ့အရှေ့ကနေဖြတ်လျှောက်သွားတဲ့ငယ့်ရဲ့လက်ကို လှမ်းဆွဲဖို့ဟန်ပြင်လိုက်ပေမယ့် တကယ့်တကယ်မှာ သူမတားရက်နိုင်ခဲ့ဘူး ။ မဟုတ်ဘူး .. ငယ့်ကိုတားပိုင်ခွင့် သူ့မှာမရှိခဲ့တာ ။ ငယ်ဆိုတဲ့ကလေးလေးကို ထွေးပွေ့ထားပိုင်ခွင့် သူ့မှာမရှိတော့တာ ။
" နောက်ဆုံးအနေနဲ့ ကိုယ့်မှာတောင်းဆိုပိုင်ခွင့်လေးရှိနိုင်မလား ငယ် "
ငယ့်ရဲ့ခြေလှမ်းတွေရပ်တန့်သွားသည် ။
" မိနစ်ပိုင်းလောက်ပဲ ကိုယ့်အပိုင်လေးအဖြစ်နေပေးနိုင်မလား ။ မိနစ်ပိုင်းလေးပါပဲ "
အရှက်သိက္ခာတွေဖယ်ပြီးတော့ပဲဖြစ်ဖြစ် သူတောင်းဆိုကြည့်သည် ။ ဒီအတိုင်းလက်လွှတ်လိုက်ရမှာထက်စာလျှင် ငယ့်ရဲ့အငွေ့အသက်လေးကို တယုတယသိမ်းထားလိုက်ချင်ပါသေးသည် ။
" အဟွန်း... "
မျက်ရည်ကြည်တွေဝေ့သီစွာတောင်းဆိုလာတဲ့ဂျွန်ဆိုသော သူနာကျည်းမိပါသောထိုလူသားကိုကြည့်ပြီး မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးကာ လှောင်ရယ်ရယ်လိုက်သည် ။
" 5 min ပဲ "
ဂျွန်ဆိုသော.. နာကျည်းမိပါသောထိုလူသားသည် ချက်ချင်းပဲ သူ့ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်၍လာသည် ။ ဂျွန့်ရဲ့ခါးသေးသေးလေးကိုတောင်မှ ပြန်လည်ပွေ့ဖက်ခြင်း သူမပြုခဲ့ပါ ။
YOU ARE READING
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...