(အပေါ်ကတစ်ယောက်ကတော့ ဇာတ်လိုက်မ မိန်းဟောက်)
" ခေါင်းဆောင်ဘယ်လိုဖြစ်တာလည်း မျက်လုံးအဆင်ပြေလား.."
" ပြေတယ်..ဘာတွေတွေ့သေးလည်း.."
" ဘာမှတော့မတွေ့ဘူးဗျ ဒါပေမဲ့ဒီကလူတွေအကုန်လုံးက ဓားတစ်ချက်ကြောင့်သေသွားကြတာပဲ.."
" ဆက်ပြီးစုံစမ်းထားလိုက်.."
" ဟုတ်ကဲ့ခေါင်းဆောင်.."
ခေါင်းဆောင်ဆိုတဲ့တစ်ယောက်ဟာ ခုနကဝမ်နောက်ကိုလိုက်တဲ့တစ်ယောက်ဖြစ်တယ်..ဝမ်ကိုရှာမတွေ့တော့တာကြောင့် ဂိုဒေါင်ထဲကိုပြန်လာခဲ့တာဖြစ်သည်။ သူ့လူတွေကိုအမိန့်ပေးပြီးတာနဲ့ သူ့ရဲ့ကိုယ်ပိုင်ဆိုင်ကယ်ပေါ်ကိုတက်ကာ မောင်းနှင်တော့တယ်..ဆိုင်ကယ်စီးဦးထုပ်ကိုတော့ခေါင်းဖို့လည်းမမေ့ချေ။
ဆိုင်ကယ်ကိုသာမောင်းနှင်နေပေမဲ့ သူ့စိတ်တွေကတော့ လွင့်နေတော့တယ်..သူ့ရဲ့ဆိုင်ကယ်လေးဟာ လူသူကင်းမဲ့လှတဲ့နေရာလေးက အိမ်လေးကိုရောက်ရောရပ်သွားတော့သည်။ ဆိုင်ကယ်ကိုအရိပ်ကျသောနေရာမှာ ရပ်ထားပြီးအိမ်ထဲဝင်သွားတော့တယ်..
အထဲရောက်သွားတာနဲ့ ဧည့်ခန်းထဲကဆိုဖာပေါ်ကို ထိုင်ချလိုက်ပြီး..တစ်ယောက်ထဲစကားတွေပြောနေတော့သည်။
" သူကဝမ်ဖြစ်ဖို့များတယ်..ဝမ်ရဲ့မျက်လုံးအရောင်နဲ့တော်တော်ဆင်တယ်..ဝမ်ဖြစ်မှာပဲ ဝမ်ဘာလို့လူတွေကိုသတ်နေရတာလည်း..ဝမ်ငါ့ကိုမမှတ်မိတော့ဘူးလား..အာ..ဘာတွေဖြစ်သွားတာလည်းကွာ ဝမ်ကိုဒီလိုဖြစ်အောင်ဘယ်ကောင်လုပ်လိုက်တာလည်း..တောက်စ်.."
ထိုဒေါသထွက်ထွက်နဲ့ပြောနေသော်သူမှာ ဇာတ်လိုက်မော်ဟန်လော့ဖြစ်သည်။ မော်ဟန်လော့ဟာ ဝမ်ပျောက်ပြီးတဲ့နေ့ကစပြီး ယခုအချိန်ထိလိုက်ရှာနေခဲ့တာဖြစ်တယ်..သူဝမ်ကိုအရင်ကလည်းမတော်တဆတွေ့ခဲ့သေးတယ်..သူအဲ့တုန်းကအမြင်မှားတယ်လို့သာမှတ်ယူခဲ့တယ်..
ဒါပေမဲ့ဒီနေ့တော့ သူစိတ်အလိုရတိုင်းလုပ်လိုက်တဲ့အခါ သူဝမ်ကိုတွေ့လိုက်ရတယ်..သူဝမ်းသာစွာနဲ့ဝမ်ကို ဖက်ပြီးအလွမ်းသယ်ချင်ပေမဲ့ ဝမ်ကတော့သူ့ကိုတစိမ်းစမ်စွာကြည့်နေခဲ့တယ်..သူနဲ့တောင်တိုက်ခိုက်လိုက်ရတယ်..ဘယ်ကမှန်းမသိတဲ့အငွေ့ကြောင့် သူ ဒုက္ခရောက်နေတုန်း ဝမ်ကထွက်ပြေးခဲ့တယ်..
YOU ARE READING
ဒုတိယအခွင့်အရေး (Arc-3) (Oc)
Romanceမင်းပိုင်လင်းဟာ သူ့ရဲ့ကမ်ဘာမှာ မှားခဲ့တာတွေကို ပြန်ပြီး..ပြောင်းလဲရန်အတွက် system တစ်ခုနဲ့ချိတ်ဆက်မိပြီး..ကမ်ဘာတစ်ခုစီတိုင်းကို သွားကာဘယ်လို mission မျိုးတွေထမ်းဆောင်မလဲ ၊ ဇာတ်လိုက်တို့နှစ်ယောက်ကိုဘယ်လို ဖြတ်ရိုက်မလဲဆိုတာ ...... ဒီတစ်ခါရောလူမှားပြီး...