part (26)

9.1K 671 49
                                    

"မြူ ...." ဆူး အခေါ်ကြောင့် ရင်ခွင်ထဲမှ မြူလေး ခေါင်းတစ်ချက်ငြိမ့်ပြလေသည်။"မြူ့ဦးလေးဆီသွားကြမယ်ဆို...."

"ဟုတ် .."မြူ တို့ အခုသွားရအောင်လေ..."

"ဆူး လိုက်ခဲ့လို့ဖြစ်ပါ့မလား မြူ..တော်ကြာ ဆူး ကြောင့်..." ဆူး စကားတို့မဆုံးခင်မှာပင် မြူ့ ရဲ့ လက်ချောင်းနုနုလေးသည် ဆူး နှုတ်ခမ်းလေးကိုကန့်လန့်ဖြတ်လေး ပိတ်ထားလေသည်။

"လျှောက်မပြောရဘူး လျှောက်မတွေးရဘူး...ဆူး ရဲ့တောက်ပလွန်းတဲ့မျက်ဝန်းတွေထဲမှာ မြူ့ တစ်ယောက်ထဲကိုပဲ မြင်ပေးပါနော်..." ဆူး ရဲ့ လက်ကလေးကို မြူ့ လက်ကလေးနဲ့ထပ်ကာ ကျစ်နေအောင် ဆုတ်ကိုင်ထားလိုက်လေသည်။

"လာ သွားကြမယ်ဆူး မြူကလေဆူးရဲ့ရှေ့မှာ အမြဲရပ်တည်ပေးမှာနော်...ဆူးအပေါ်ထိခိုင်စေမဲ့အန္တာရယ်တွေအကုန် မြူက ကာကွယ်ပေးမှာပေါ့ " မြူ ဆိုသော ထိုအမျိုးသမီးလေးသည် ဆူး အား ထိုမျှချစ်သည်တဲ့လေ ။

------------------

"အပြင်က ဘယ်သူလည်း မသိဘူး...ဟေ့ မိလုံး တို့ ဖိုးသံတို့ တံခါးသွားဖွင့်ချီစမ်း..." ဒေါ်ဟန်ဆု တစ်ယောက် ဧည့်ခန်းထဲမှာ Tv ကြည့်နေရင်း အိမ်အကူတွေကို အသံဆာဆာဖြင့် လှမ်းအော်လိုက်လေသည်။

"ခေါ်နေတာမကြားကြဘူးလား...စိတ်ပျက်ပါ့..."ဟန်ဆု စိတ်မရှည်စွာဖြင့်ထပ်အော်လိုက်လေသည်။

"ဟန်လေးရယ် မအားကြလို့နေမှာ‌ပါ..အဲ့လောက်မအော်ပါနဲ့ကွယ်.."

"ပိုက်ဆံပေးထားတာပဲ အစ်ကိုကြီးရယ် အလုပ်လုပ်ရမှာပေါ့ အလကား အချောင်ခိုနေတာ..."

"ကဲပါ အစ်ကိုပဲ သွားဖွင့်ပေးလိုက်မယ်..." ဦးအောင်မြင့်တစ်ယောက် မိန်းမဖြစ်သူအား ဆက်ပြီး စကားမဆိုချင်တာကြောင့် ကိုယ်တိုင်ပဲ ခြံထဲသို့ဆင်းလာခဲ့လေသည်။

" ဦးလေး..." မြူ တို့ကားလေး အိမ်ထဲရှိ စင်ဝင်အောက်သို့မောင်းဝင်လာသည်။

"မြူခိုး...သမီးလေး.."ဦးအောင်မြင့် ဝမ်းသာအားရစွာ ဖြင့် မြူ့ အခေါ်ကိုထူးလိုက်လေသည်။ဦးအောင်မြင့် ပျော်မည်ဆိုလည်း ပျော်ချင်စရာပင် မြူ တစ်ယောက် အဒေါ်ဖြစ်သူဆုံးသွားပြီးနောက် ဒေါ်ဟန်ဆုကိုယူပြီးကတည်းက ဒီအိမ်ကြီးကိုမရောက်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပြီလေ။ မြူ့ မှာလည်း အမျိုးဟူ၍ပင် ဒီဦးလေးတစ်ယောက်သာ ရှိသည်လေ။

အန်တီ [ Complete ]Donde viven las historias. Descúbrelo ahora