ရှောင်ကျန့်က ကျောက်မူယွမ်ရဲ့စကားတွေကြောင့် မျက်နှာတစ်ခုလုံး သွေးမရှိတော့လောက်အောင် ဖြူလျော့သွားတယ် ။ ဒီလူက သူ့ကို ကောင်းကင်ဘုံကိုခေါ်သွားဖို့ စိတ်ကူးနေတာပဲ ။ သူ.. သူဘယ်လိုလုပ်ရမလဲ? ။ ရီပေါ်ကလည်း အခုအထိနိုးမလာသေးဘူး ။ သူ အဲ့ဒီလူနဲ့လိုက်သွားရတော့မှာလား ? ။ ရှောင်ကျန့်က မျက်ရည်တွေစီးကျလာတယ် ။ သူဘာလို့ အသုံးမကျတဲ့လူတစ်ယောက်ဖြစ်နေရတာလဲ? ။ သူကြောင့်ပဲ လူတိုင်းက ဒုက္ခရာက်ရတယ် ။
ကျောက်မူယွမ်က ရှောင်ကျန့်ရဲ့မျက်ရည်တွေကိုမြင်တော့ ထိတ်လန့်သွားတယ် ။ အလှလေးက ဘာလို့ငိုနေရတာလဲ? ။ သူက ကြောက်စရာကောင်းနေလို့များလား? ။ သေမျိုးတွေက ဒီလိုပဲလား? ။
" မင်းရဲ့သူငယ်ချင်းတွေကို ဘာမှမဖြစ်စေချင်ဘူးဆိုရင် ငါရဲ့စကားကိုနားထောင်ပြီး ငါနဲ့အတူလိုက်ခဲ့ ။ ငါ့စီမှာ ရတနာတွေအများကြီးရှိတယ် သူတို့ကအရမ်းလှတာမို့ မင်းသဘောကျမှာသေချာတယ် ။ သဘောမတူရင် ဒီသတိလစ်နေတဲ့တစ်ယောက်အပါအဝင် အကုန်သတ်ပစ်မယ် ။ ''
ရှောင်ကျန့်က ခြေထောက်တွေယိုင်ကာ မြေပြင်ပေါ်လဲကျသွားတော့တယ် ။ သူသဘောမတူရင် ဒီလူက သူ့ရဲ့ရီပေါ်ကိုပါသတ်ပစ်တော့မှာ ။ သဘောတူလိုက်ရင်လည်း သူရဲ့ဘဝက ဘာဆက်ဖြစ်မယ်ဆိုတာမသေချာဘူး ။ ဒါပေမဲ့သူအဲ့ဒီမလုပ်ရင် သူကလွဲပြီးအကုန်သေမှာလေ ။ နောက်ဆုံးမှာတော့ ရှောင်ကျန့်က အနစ်နာခံဖို့ဆုံးဖြတ်လိုက်တယ် ။ ရီပေါ်သာအသက်ရှင်နေမယ်ဆိုရင် သူဘယ်လောက်ပဲနာကျင်နေရပါစေ အဆင်ပြေတယ် ။
လီဝူကျင့်က ရှောင်ကျန့်ကို လိုက်သွားခွင့်ပေးမှာမဟုတ်ဘူး ။ ရှောင်ကျန့်က သူ့တပည့်လေးရဲ့မိတ်ဆွေဖြစ်သလို ဝမ်ရီပေါ်ရဲ့ချစ်သူလည်းဖြစ်တယ် ။ ဒါကြောင့်ကာကွယ်ပေးရမဲ့တာဝန်ရှိတယ် ။
" မင်း သူ့ကိုခေါ်သွားခွင့်မရှိဘူး ''
" အဟက်! မင်းက ငါ့ကိုတားနိုင်မယ်ထင်လား? "
လီဝူကျင့်က နှုတ်ခမ်းတွေကော့တက်သွညးတယ် ။ 'တားနိုင်မယ်ထင်လားတဲ့' နည်းနည်းတော့ရယ်ချင်မိသား ။ ဒီလူရဲ့မျက်လုံးထဲမှာ သူက အသုံးမဝင်တဲ့လူတစ်ယောက်ဖြစ်နေတဲ့ပုံ ။
VOCÊ ESTÁ LENDO
Don't Touch My Wife !!! [ Completed ]
FanficStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]