ငါကအရမ်းကိုထိချင်နေတာ

2.9K 151 5
                                    

အခန်း(၃)

' ဖတ် ! '

'ဘုတ် ! '

' ဟ...! ... မင်း '

မတော်တဆပဲဆိုတာကို သိပေမယ့် တိုက်မိသူ၏ မျက်နှာကိုမြင်လိုက်သည့်အခါ Black ကပါးစောင်သားကိုလျှာနှင့်ထိုးသည်။
ကျော်သွားလို့ ဘယ်ဖြစ်မလဲ။
အနက်ရောင်ရှပ်ကို စတိုင်လ်ဘောင်းဘီအနက်ရောင်နှင့် မင်းသားရှုံးအောင်ဝတ်ဆင်ထားသည့် လူတစ်ယောက်။
အနက်ရောင်နေကာမျက်မှန်ကိုလည်း ရှိုးအပြည့်ထုတ်ကာတပ်ထားသေးသည်။
ဘယ်လောက်ပဲကြည့်ကောင်းနေပါစေ Black မျက်စိထဲမှာတော့ ထိုလူကမင်းသားမျက်နှာဖုံးစွပ်ထားသည့် ဘီလူးတစ်ယောက်သာဖြစ်သည်။

Black ကနှုတ်ခမ်းသားများကို တွန့်ကွေးသွားအောင်မဲ့သည်။ပြီးမှ...

' ဘာဖြစ်လို့ ငါ့မျက်စိရှေ့ ရောက် ရောက်လာတာလဲ '

Dark ကမျက်ခုံးတန်းများကို တွန့်ချိုး၍ လေပူတစ်ချက်ကိုမှုတ်ထုတ်သည်။
တစ်ဆက်တည်း တွေးလိုက်မိသည်က ကျားအမြီးကို ပြေးဆွဲလိုက်တာကမှ အသက်ရှူချောင်အုံးမည်ဟု။
ပါးစပ်ပိတ်နေလို့လည်း ရမှာမဟုတ်သည်မို့
Dark ကကားပါကင်ဘက်ကို လှည့်ကြည့်လိုက်ပြီး။

' မင်းမြင်တဲ့အတိုင်းပဲ​လေ...ကျောင်းကကားတွေအကုန်လုံး အဲဒီပါကင်မှာရပ်ထားကြတယ်ဆိုတာ '

စာမေးပွဲက အချိန်နှစ်ပိုင်းခွဲ​စစ်တာတောင် ညနေပိုင်းချင်းလာတူနေသည့် မေဂျာတွေမို့မတွေ့ချင်လည်းတွေ့​နေရမှာဖြစ်သည်။
Dark က (Maths) ကဖြစ်ပြီး Black ကတော့ မြန်မာစာအဓိကဖြစ်သည်။

' ငါမကန်းဘူး မြင်တယ် '

' မင်းမေးလို့ ဖြေတာ '

Dark ကပြောပြီးတာနှင့်ချက်ချင်း လှည့်ထွက်လျှင် ​​ပြဿနာရှာတတ်သည့် အကျင့်အတိုင်း Black ကကျောပိုးအိတ်ကြိုးကိုလှမ်းဆွဲသည်။
Dark ကကျောပိုးအိတ်ကြိုးအား ညာဘက်ပုခုံးစွန်းတွင် တင်ရုံမျှလွယ်ထားခြင်းဖြစ်သည်။
Black ကထိုကြိုးအား ​အရှိန်နှင့်ဆောင့်ဆွဲလိုက်
သည်မို့ အိတ်ကဖြုတ်ခနဲလျှောကျသွားသည်။

Dark's Black _ Season(1) [Completed]Where stories live. Discover now