*ငယ်ချစ်ဦးပုံပြင်*

1.2K 149 62
                                    

Unicode

*ငယ်ချစ်ဦးပုံပြင်*

...........................

"ဒယ်ရယ် အိမ်မှာနေရတာကြာတော့သားတို့ပျင်းလာပြီး ကစားကွင်းလည်းမသွားရတော့ဘူး "

"Coronaရောဂါတွေကြောင့်လေ ငါလည်းဘယ်တတ်နိုင်မလဲ အိမ်ထဲနေ အဲ့ရောဂါသာကင်းရှင်းသွားရင် ကစားကွင်းတင်မဟုတ်ဘူး ကမ်းခြေပါ အလည်လိုက်ပို့ပေးမှာ "

"ဂယ်လား ဒယ် အဲ့ ကိုရိုနာကဘယ်တော့ပြီးမှာလဲ "

"ငါလည်း ဘယ်သိမလဲ ဗေဒင်လည်းမတွက်တတ်ဘူး သိချင်သတင်းတွေနားထောင်ပေါ့ အိမ်ထဲကမထွက်ဘဲ ရောဂါကာကွယ်ရင် မြန်မြန်ပျောက်မှာ"

"ပြီးရော အိမ်ထဲဘဲနေတော့မယ် အဲ့ရောဂါကြီးမြန်မြန်ပျောက်အောင်"

အိမ်မှာ ကလေးနှစ်ယောက်ကိုထိမ်းရတာတကယ်မလွယ်ပါ လူကသာ ကလေးအရွယ် စပ်စုတာသူအပြင်မရှိ အိမ်မှာကြာကြာနေရင် ဦးနှောက်တွေ အလုပ်လုပ်ပါအုန်းမလားမသိ
ကလေးသာမမွေးခဲ့ဘဲ ကိုယ့်လင်နဲ့ကို သာယာနေရင်အကောင်း အခုတော့ မျောက်နှစ်ကောင်ကိုထိမ်းရသလို ကလေးနှစ်ယောက်လုံးကလဲကိုယ်နဲ့ဘဲတူနေတယ် ချွတ်စွပ် အလှလေးနဲ့သာတူရင် လိမ္မာနေရောမယ် နောက်တစ်ယောက်တောင်ထပ်ယူချင်

"ဒယ်ဒယ် သားသား နို့နို့သောက်ချင်"

5နှစ်အရွယ်သားလေးမှ နို့တောင်းသံ အသက်သာငါးနှစ်ပြည့်နို့ကမပျက်ဘူး

"ကိုရိုနာကြောင့် အသုံးအဖြုန်းချွေတာရတယ်လေ မင်းနို့ဖိုးနဲ့မွဲလိမ့်မယ်"

"နိုးနိုး ဒယ်ကဒီလောက်ရှမ်းသားတာကို ဘာယို့နို့ဖိုးနဲ့မွဲယမှာယဲ ပြီးရော့ နို့များများသောက်ပြီး အားရှိအောင်နေနေတာ သားက အာ့မှ ကိုယိုနာကြီးကို ကာကွယ်နိုင်မှာပေါ့"

"အေးပါကွာ နို့‌တွေခွသောက်ပြီး ကြီးလာမှသွားပိုးစားပြီးရုပ်ဆိုးလေးဖြစ်ရင် ဒယ်ဆီလာမငိုနဲ့ "

"ဒယ်ကမုန်းစရာကြီး ပါးကိုဘဲရှစ်တော့မယ် ပါးပါးဆီသွားမယ် ဗြဲ"

"ရား ရှူးတိုးတိုး ငါအသဲလေးပင်ပန်လို့အိပ်နေတာမင်းတို့လုပ်လို့နိုးသွားရင် ငါကိုဆူအုန်းမယ်
နို့သောက်ချင်တာမို့လား ခဏ ငါသွားဖျော်မယ် ‌အကျယ်ကြီးမဆော့ရဘူးနော်"

ငယ်ချစ်ဦးပုံပြင်(Eden Contast)Where stories live. Discover now