Ah Li: သူမမှာ အချိန်အကြာကြီးချစ်ခဲ့ရတဲ့ သူငယ်ချင်းတယောက်ရှိသည်။ It's YOU.သူမက အသက်၁၆နှစ် စီနီယာအထက်တန်းကျောင်းသူတစ်ဦးဖြစ်သည်။ သူ့ကို အကခန်းမထဲမှာ ပထမဆုံးတွေ့ခဲ့ခြင်းပင်။ သူမက No.1 အလယ်တန်းကျောင်းကို အကသမားတစ်ယောက်အနေဖြင့် လာခဲ့ခြင်းဖြစ်သည်။
အကခန်းမတံခါး၏ ထောင့်စွန်းနားမှာ သူဆေးလိပ်သောက်နေတာကို သူမမြင်သည်။ ဆေးလိပ်သောက်တာ ပထမဆုံးအကြိမ်ဖြစ်မည်။ဆေးလိပ်ငွေ့တွေမွှန်ပြီး သူချောင်းဆိုးသဖြင့် သူမရယ်မိတော့ သူကသူမကိုစိုက်ကြည့်သည်။ ဒါကပဲ Lin ကိုစတွေ့တဲ့ပထမဆုံးအကြိမ်ဖြစ်ပေသည်။
နောက်ပိုင်းမှာ သူမအတန်းပျက်ကွက်တာကြောင့် သူနဲ့တဖန် ပြန်တွေ့ခဲ့သည်။ သူရှိတဲ့ကျောင်းအနောက်ဘက်ဂိတ်ရှိနံရံကို သူမပြေးသွားတော့ သူ ကံဆိုးကြောင်းဆိုသည်။ ဒီလိုနဲ့ သူတို့ သူငယ်ချင်းဖြစ်ခဲ့ကြသည်။
အထက်တန်းဒုတိယနှစ်မှာ သူမအမေ ရုတ်တရက်
ပြန်ရောက်လာပြီး သူနဲ့အတူထွက်သွားဖို့ မေးလာသည်။ သူမမိဘတွေ ကွာရှင်းခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တွေကတည်းက သူမအမေကို ဘယ်တော့မှပြန်မတွေ့ခဲ့ပေ။
သူမရဲ့ပုန်ကန်တက်တဲ့နှလုံးသားက ပိုပိုပြီးပြင်းထန်လာခဲ့သည်။ ထိုအချိန်အတောတွင်းမှာ Lin နဲ့သူမ ပိုပြီးစကားပြောဖြစ်ကြသည်။ သူက သူမကို အချိန်ကုန်ဆုံးဖို့
အပြင်ခေါ်သွားတက်သည်။ညဆယ့်နှစ်နာရီအချိန်မှာ မီးရှုးမီးပန်းနဲ့ ချယ်ရီခင်းထဲမှာ ချယ်ရီပန်းကြွေတာကို အတူကြည့်ဖြစ်ကြပြီး ချယ်ရီပွင့်
ဖတ်လေးတွေကို သူမခေါင်းပေါ် ပစ်ပေါက်ရတာကို
သူနှစ်သက်သည်။Zhenjiang အနီးနားမှာ ပင်လယ်တစ်ခုရှိကာ သူတို့နှစ်ယောက် ID Cards ကိုတိတ်တဆိတ်ယူပြီး တညလုံးပင်လယ်ကြည့်ဖို့ ထွက်လာခဲ့သည်။ ပင်လယ်လေက ခန္ဓာကိုယ်ပေါ်မှာ အနည်းငယ် အေးသည်။
သူက မေးသည်။
"မင်း အနာဂတ်မှာ ဘာဖြစ်ချင်လဲ"
သူမဘာမှပြန်မပြောနိုင်ဘူး။ သူမဘဝက ဆိုးဝါးလွန်းသည်။ အနာဂတ်က ဘယ်နေရာ၊ဘယ်လောက်ဝေးမယ်ဆိုတာ သူမ,မသိဘူး။
YOU ARE READING
နှစ်ရှည်လများ ချစ်မြတ်နိုးခဲ့ရပါသော သူငယ်ချင်းလေး
Short StoryHe only told me that he wanted me to live.