Extra - 5

1.5K 119 108
                                    

[Unicode]

"ဒိုရာဝါ( ပြန်လာခဲ့) !!!..."

ကျယ်လောင်လှသည့် အော်သည်းသံကြောင့် ကုတင်စောင်းတွင် ခေါင်းတင်ကာအိပ်နေသော နာမ်ဂျွန်းမှာ ပြူးပြာလျက်မှ နိုးထလာရ၏။

မျက်မှန်ကိုင်းအား တစ်ချက်ပင့်တင့်ကာ အသံလာရာအရပ်သို့ စူးစမ်းမိပါတော့ ထယ်လေးဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲမယ်ထိတ်ခနဲ။ အဖြူပေါ်တွင် အစက်လေးများပါသော ဆေးရုံဝတ်စုံနှင့် ငူငူကြီးထိုင်နေသူမှာ တစ်ကိုယ်လုံးဖြူဖျော့နေတာမို့ စိတ်မပူဘူးဟုဆိုလျှင် လိမ်ရာကျမည်ပေါ့။ စိတ်ပူပါသည်။ စိတ်ပူတာမှ တစ်ဖက်ကမ်းရောက်အောင်ကို ပူနေတာမို့ နာမ်ဂျွန်းခမျာ မစားနိုင်၊ မသောက်နိုင်ပင် ဖြစ်နေရသည့်ကိန်း။

ယခုလည်း ဖြတ်ခနဲလန့်အနိုးတွင် မျက်ရည်ပေါက်ကြီး၊ ငယ်များ စီးကျလျက်မှ ငေါင်ငေါင်ကြီးထိုင်နေသော တူတော်မောင်အား တွေ့လိုက်ရတာမို့ လူမှာ သိပ်မဟန်ချင်တော့။ သို့ပေမဲ့လည်း အံတင်းတင်းကြိတ်လို့ ကြိတ်မှိတ်ခံထားလိုက်ပါသည်။ ကိုယ်မဟန်တာက သည်ကလေးငယ်လေး လှဲနေရတဲ့ အဖြစ်လောက်မှ အရေးမပါတာပဲကို။

"အဆင်ပြေရဲ့လား ထယ်လေး...သတိရောလည်ပြီလား...နာနေတာတွေ ဘာတွေရော မရှိဘူးလား..."

တုန်တုန်ရီရီဖြင့် မေးလိုက်သည့် နာမ်ဂျွန်းစကားအဆုံးတွင်မှ အရည်လဲ့နေတဲ့ မျက်ဝန်းများဖြင့် မော့ကြည့်လာပုံမှာ မျှော်လင့်ချက် ပျောက်ဆုံးနေသူလို။

"အင်! လေးနာမ်ဂျွန်းပါလား...ထယ်!...ထယ်က ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲဟင်..."

ပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှုပြီး ကြောင်နနလေး ပြန်မေးလာသော ကလေးငယ်ကြောင့် နာမ်ဂျွန်းခမျာ အထိတ်တလန့်ပင် ရှိလာမိပါရဲ့။

မဟုတ်မှ အတိတ်တွေဘာတွေမေ့ကုန်တာတော့ မဟုတ်လောက်ပါဘူးနော်...။

မဖြစ်နိုင်တာ...။
စိတ်အေးအေးထားစမ်းပါ နာမ်ဂျွန်းရ...
စိတ်အေးအေးထားစမ်းပါကွာ...။

လှိုက်ဖိုမောလာသော ရင်အစုံကို တမမထိန်းလျက်မှ ကိုယ့်ကိုယ်ကိုယ်ပြန်ဖြေသိမ့်နေရသည်မှာ အနည်းငယ်တော့ ကကြိုးကကြောင်နိုင်နေသားရယ်။

ADORABLE hyung [Completed]Where stories live. Discover now