Chapter ( 4 )

260 43 2
                                    

Unicode

" Jun ဘာတွေချက်နေတာလဲ "

အိပ်ရာပြောင်းလျှင်မအိပ်တတ်သောသူ၏အကျင့်ကြောင့်စောစောနိုးနေပါသဖြင့်မနက်စာထချက်နေခြင်းဖြစ်သည်။ မိမိဘေး၌ဟင်းအိုးကိုတစ်လှည့်သူ့မျက်နှာကိုတစ်လှည့်ကြည့်ကာအမေးပြုလာသောအဖြူလုံးလေးကမနေ့နေ့ခင်းတည်းကသူ့အားကျောပေးကာအိပ်ပျော်သွားသောကောင်လေးဖြစ်သည်။ ညစာစားချိန်အထိအိပ်ရာထက်ထိုအနေအထားအတိုင်းတုတ်တုတ်တောင်မလှုပ်လာသောကောင်လေးအား Gong Jun စိတ်ပူမိသည်မှာအမှန်ပင်ဖြစ်သည်။ သို့သော်စိတ်အလိုမကျသည့်မျက်နှာလေးနှင့်သူ့အားနှိုးရန်လည်းမရဲပေ။ ယခုမျက်လုံးလေးအပြူးသားနှင့်သူ့ကိုကြည့်နေသောကြောင့်အနှီကောင်လေးစိတ်ကြည်သွားပြီဟုယူဆရသည်။

" ဖရုံသီးဟင်းချက်လေ။ ဟန်ကြိုက်ရဲ့လား "

" Jun ချက်တာဆိုဟန်အားလုံးကြိုက်တယ် "

ထိုစကားကြောင့် Gong Jun အပြုံးလေးတစ်ခုတုံ့ပြန်ရင်း

" စားကြရအောင်လေ။ ဟန်မနေ့ညကဘာမှလည်းမစားတော့ဆေးလည်းမသောက်ရသေးဘူး။ ဒီလိုသာဆိုဟန့်လက်လေးသက်သာတော့မှာမဟုတ်ဘူး "

" မသက်သာလည်းကောင်းတာပဲ "

" ဗျာ "

" ဟန်ဗိုက်ဆာပြီလို့စားကြမယ် "

သူ့အရှေ့မှာချထားသောဇွန်းလေးကိုလှမ်းယူဖို့ပြင်နေသော Gong Jun လက်အားလှမ်းတားလိုက်သောကြောင့်နားမလည်သလိုမော့ကြည့်လာသည်။

" ဟန်ကိုယ့်ကိုယ်ကိုယ်ပဲစားလိုက်ပါ့မယ်။ Jun လည်းဗိုက်ဆာနေလောက်ရောပေါ့ "

" ဟုတ်ကဲ့ "

နှစ်ယောက်လုံးဗိုက်ဆာနေကြသည်ဆိုသည်ကိုအရှေ့မှပြောင်ရှင်းသွားသောပန်းကန်တွေကသက်သေပြနေသည်။ ထို့နောက်မှာတော့ထုံးစံအတိုင်းပင်ကလေးထက်ဆိုးသောအကောင်ပေါက်လေးအား Gong Jun ဆေးချော့တိုက်ရပြန်သည်။ အနှီကောင်လေးဆေးသောက်ရတာကြောက်သည်လည်းမဟုတ်ပါပဲအဘယ်ကြောင့်ဆေးမသောက်ချင်ရသလဲမသိ။

ဆေးအားလုံးကုန်သွားမှသာ Gong Jun မောမောပန်းပန်းနှင့်ရေတစ်ခွက်ငဲ့သောက်လိုက်မိသည်။

My Bad BoyWhere stories live. Discover now