Zawgyi
Chapter 2
{ သွေးစုပ်ဖုတ်ကောင်မင်းသားလေး }Evieသည် သူမရှေ့မှအမျိုးသားဟာ သူမ တွေးထင်ထားသည့်ပုံစံမျိုး ဖြစ်မနေသည်ကြောင့် အတော်လေး ဆွံ့အသွားခဲ့မိလေတယ်... ထိုအမျိုးသားရဲ့မျက်လုံးတို့ဟာ တခြားသောသွေးစုပ်ဖုတ်ကောင်များကဲ့သို့ သွေးနီရောင် လွှမ်းမနေချေ... ထို့ပြင် တခြားသောသွေးစုပ်ဖုတ်ကောင်လို အစွယ်ကို မထုတ်ထားပေ... ထိုအမျိုးသားတွင် အစွယ်လုံးဝ မရှိသလိုပင်... ထို့ပြင် အနှီအမျိုးသားဟာ သူမ တွေ့ခဲ့ဖူးသောသွေးစုပ်ဖုတ်ကောင်များလို ဖြူစုတ်နေသောအသားအရည်မရှိပါလေ... သူဟာ လူသားများနှင့် ယှဉ်လျှင်တော့ ဖြူလွန်းနေပုံပေါ်သော်လည်း သွေးစုပ်ဖုတ်ကောင်များလောက်အထိ ဖြူဖျော့မနေ... အဆန်းကျယ်ဆုံး အထူးခြားဆုံးကတော့... သူမ ရှေ့မှအမျိုးသားဟာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ချောမောခန့်ညားနေခြင်းဖြစ်လေသည်...
Evieတစ်ယောက် သူမရဲ့သတို့သားကို ကြည့်နေရင်း အတွေးနယ်ထဲရောက်နေမိချိန်တွင် တစ်စုံတစ်ယောက်ရဲ့ချောင်ဟန့်သံကြောင့် သူမသည် ချက်ချင်း သတိပြန်ဝင်သွားခဲ့တော့၏...
ထိုစဉ် Evieသည် အနှီအမျိုးသားကို ငေးကြည့်နေရင်းနှင့်ပင် သူမရဲ့လက်ကို ထိုအမျိုးသားလက်ထဲသို့ ထည့်ပေးလိုက်မိချေတယ်... အနှီအမျိုးသားရဲ့မျက်လုံးများဟာ ကောင်းကင်ပေါ်တွင် ထွန်းလင်းနေသောငွေမီးခိုးရောင်ရှိသည့်လမင်းကြီးနှင့်ပင် ဆင်တူလှ၏... မျက်ဝန်းတို့ အတွင်းတွင် ကြယ်များစွာ စုဝေးနေသလို တောက်ပကာ ခံစားချက်အပြည့်ရှိနေသေးသည်... ဒါ့အပြင် နောက် သူ့မျက်တောင်များသည် ယောက်ျားတစ်ယောက်၏မျက်တောင်ဟု မထင်ရလောက်အောင် ရှည်လျားလှပလှပြီး နှုတ်ခမ်း၊ မေးရိုး နှင့်နှာခေါင်း စတဲ့ သူ့ရဲ့အစိတ်အပိုင်းတိုင်းဟာ Evieတစ်ယောက်ကို ငေးမှိုင်သွားစေလေတယ်... ထိုကဲ့သို့ လှပပြီးပြီးပြည့်စုံလှသောယောက်ျားမျိုးကို လူသားတစ်ယောက်ဆီတွင်တောင် မမြင်ဖူးခဲ့ပါချေ... သို့သော် သူမရှေ့မှ အမျိုးသားဟာ အစတည်းက လူသားတစ်ယောက် ဟုတ်မနေသောကြောင့် ထိုအခြင်းအရာတို့မှာ အထူးအဆန်း မဟုတ်တော့ပေ...
YOU ARE READING
ချစ်ခြင်းနယ်နိမိတ်/ချစ်ခြင်းနယ်နိမိတ်( mm translation)
Fantastik~ALL CREDITS BELONG TO THE ORIGINAL AUTHOR AND TRANSLATORS💙💜~ DISCLAIMER ~*~NOT MY OWN WORK ~*~JUST FUN TRANSLATION