အပိုင်း - ၂၂ ( အဲ့လိုသုန်မှုန်နေတဲ့မျက်နှာမျိုး မလုပ်နဲ့လေ၊ ခေါင်းဆောင် )
{ နှစ်သစ်ကူးမှာ သဟဇာတဖြစ်ဖို့ }
အခန်းထဲရှိ ခင်းကျင်းပြင်ဆင်မှုမှာ သာမန်အိမ်ခန်းတစ်ခုထက်ပင် ပို၍ရိုးရှင်းနေသည်။ သို့သော် ပို၍နေရာကျယ်ကာ ပို၍လည်း အလင်းရောင်များများဝင်၏။ မုချင်းရှန်းက ဖယောင်းတိုင်မီး ထွန်းညှိလိုက်ကာ စားပွဲပေါ်သို့ ခွက်နှစ်ခွက်ယူလာပေးရင်း ကြိုတင်ပြောထားနှင့်၏။
"သေရည်ဘယ်လိုသောက်ရမလဲဆိုတာ ကျွန်တော် တကယ်မသိတာပါ"
ရှန့်ယွင်ကျယ် ပြုံးလိုက်သည်။
"ငါ သိပါတယ်"
ဒါဆို ဘာလို့ တခြားလူကိုပဲ သွားမရှာလိုက်တာလဲ....
မုချင်းရှန်းက စိတ်ထဲမှ ကျိတ်တွေးနေမိသည်။
ရှန့်ယွင်ကျယ်က ခွက်လေးထဲသို့ အရက်လောင်းထည့်လိုက်ကာ ဆိုသည်။
"ဒီအရက်က ပျော့ပါတယ်၊ ခေါင်းကိုက်တဲ့အထိ ဖြစ်မှာမဟုတ်ဘူး။ ရော့၊ နည်းနည်းလောက် မြည်းကြည့် "
မုချင်းရှန်းလည်း ထိုခွက်ကို ယူထားလိုက်ကာ လှုပ်ယမ်းနေလိုက်သည်။ ခွက်ထဲရှိ အရက်မှာ ကြည်လင်နေကာ ပန်းနံ့တစ်မျိုး သင်းပျံ့နေ၏။
ရှန့်ယွင်ကျယ်က ဆိုလာသည်။
"ခွက်လှလှလေးတွေမရှိတာ နှမြောစရာပဲ၊ အခုတော့ ဖြစ်သလိုပဲ သောက်ကြတာပေါ့"
ွမုချင်းရှန်းလည်း သေချာသတိထားကာ အနည်းငယ်မျှ မြည်းကြည့်လိုက်သည်။ ရှန့်ယွင်ကျယ်က သူ့အား သေသေချာချာ စိုက်ကြည့်လာ၏။
"ဘယ်လိုလဲ"
"မဆိုးဘူး"
"အမှန်အတိုင်းသာ ပြောပါကွာ"
ရှန့်ယွင်ကျယ်က ထောက်ပေးလိုက်သည်။
မုချင်းရှန်းက ခေတ္တတုံ့ဆိုင်းသွား၏။ ထို့နောက် ရိုးသားစွာသာ ဆိုလာသည်။
"လက်ဖက်ရည်ကပဲ ပိုကောင်းပါတယ်"
ရှန့်ယွင်ကျယ် အော်ရယ်မိသွားသည်။ မုချင်းရှန်း စိတ်ညစ်သွား၏။
![](https://img.wattpad.com/cover/240412649-288-k263039.jpg)
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...