ဒီနေ့နဲ့ဆိုရိပေါ်တစ်ယောက် အိမ်မပြန်တာတစ်လကျော်နေပြီ။ အိမ်ကိုလဲမပြန်ဖြစ်သလို အဆက်သွယ်ပါဖြတ်ထားခဲ့သည်။သူ့ရဲ့နာကျင်နေရမှုကို ဘယ်လိုဖြေဖျောက်ရပါ့မလဲ။ချစ်ရသူကို တစ်ပါးသူရဲ့ လက်ထဲမှာတွေ့ရတဲ့အခါနာကျင်မှုက ပြောမပြတက်အောင်ပါပဲ။
နာကျင်ရသည်။ ခံစားရသည်။ ရင်နှင့်အမျှ...
ချစ်ရသူကို လက်မလွှတ်နိုင်လို့ အရယူခဲ့တာ။ နာကျင်ရမယ်မှန်း သိသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ၊
နာကျင်နေပါလျက် ချစ်ရသူသာ ဘေးမှာရှိနေလျှင်ဖြေသိမ့်နိုင်မှာပါ ဆိုတဲ့ခံယူချက်လေးနဲ့ ဒီလမ်းကိုရွေးချယ်ခဲ့တာလေ။အခုတော့ သူပိုပြီးနာကျင်နေရတယ်..
ခံစားနေရပါတယ်....ချစ်ရသူရဲ့ သူ့အပေါ် ခံစားချက်တွေကအစစ်မှန် ဟုတ်ခဲ့ပါလေစ။
တကယ်ချစ်ခဲ့ရဲ့လား....အရင် သူနဲ့တွဲနေစဥ်တလျှောက်လုံး သူ့အပေါ်မှာ~
ဂရုစိုက်ပေးခဲ့ပါရဲ့..
ကြင်နာပေးခဲ့ပါရဲ့....
နွေးထွေးပေးခဲ့ပါရဲ့.....
ဒါတွေကအတုယောင်တွေများလား ခင်ဗျားရယ်
မဟုတ်ရပါဘူးရယ်လို့ တစ်ယောက်ယောက်များ လာပြောပေးနိုင်မလား။
မဟုတ်ပါဘူးရယ်လို့ တွေးရင်ဖြေသော်ငြား သူမြင်ခဲ့ရတာက ချစ်ရသူရဲ့ သူမဟုတ်တဲ့တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ...ထိုမြင်ကွင်းကြီးကိုမေ့ဖျောက်ချင်ပါသည်၊သို့သော်ငြား စိတ်ရဲ့အလိုကိုမလိုက်တဲ့ မျက်လုံးနှစ်လုံး၊
ကိုယ်တိုင်မြင်တွေ့စေခဲ့တဲ့ သူ့ရဲ့မျက်လုံးနှစ်လုံးကိုနှိုက်ထုတ်ပြီးစွန့်ပစ်လိုက်ချင်ပါရဲ့
ထိုမြင်ကွင်းကို မေ့ဖျောက်မရအောင် မှတ်မိလွန်းနေတဲ့ သိပ်ကောင်းလွန်းလှတဲ့ ဒီဦးနှောက်ကြီးကိုလည်းထက်ခြမ်းခွဲပြီး လွှင့်ပစ်လိုက်ချင်မိပါရဲ့
နောက်ဆုံး ထိုမြင်ကွင်းကြောင့် နာကျင်နေရတဲ့နှလုံးသားတစ်စုံကိုလည်း ရင်ဘတ်ထဲက ဆွဲထုတ်ပြီးအဝေးသို့လွင့်စင်စေလိုပါရဲ့
ထိုနေ့ကစ၍မှ အိမ်နဲ့အဆက်သွယ်ဖြတ် တစ်ယောက်တည်းသီးသန့်နေခဲ့သည်။
ဟောက်ရွှမ်းတို့ရဲ့ အကူညီယူပြီး ပေကျင်းမြို့ပြင်ရဲ့ ချောင်ကျကျ တိုက်ခန်းတစ်လုံးတွင်သာ အရက်များကိုအဖော်ပြု၍ ။
နာကျင်နေရတဲ့နှလုံးသားတစ်စုံအတွက် ဖြေဖျောက်လို့ ရလိုရငြား....
ဟောက်ရွှမ်းတို့ကိုတော့ ဝမ်အိမ်တော်ကဆက်သွယ်လာလျှင် သူနှင့်လီလီယွမ် ပြင်ပသို့အလည်သွားကြောင်း ပြောစေသည်။
အခန့်သင့်လေတော့ လီလီယွမ်ကလဲ သူ့ရဲ့အဘွားရှိရာမြို့သို့ အလည်သွားကြောင်း သိရသဖြင့် ၊
ဟောက်ရွှမ်းတို့ရဲ့ ပြောပုံအရ ဝမ်အိမ်တော်ကလည်း သူတို့ကို တစ်နေ့တစ်ခါလောက် သူ့ရဲ့သတင်း စုံစမ်းသည်တဲ့။
သူဖြေရှင်းချက်ကို နားထောင်ရင် ကောင်းမလား တွေးမိပါသည်။ "အထင်များ လွဲမှားပြီး မြင်တွေ့ခဲ့ရတာလား"
သို့သော် သူမတွေးရဲပါဘူး။ အကယ်၍သာ သူတို့ရဲ့ဖြေရှင်းချက်က သူထင်ေနသလို ဟုတ်မှန်နေခဲ့လျှင် အ့အခါကျ သူရှင်လျက် နှလုံးကွဲပြီး သေရချည်ရဲ့။
အစိမ်းလိုက် အသဲခွဲခံရပြီး ထုတ်ယူခံနေရသလို...
~~~~~
သို့သော် သူ မသိသည်က ဘယ်အရာကိုမဆို တဖတ်သက်ချည်း တွေးပြီးခံစားနေလျှင်...
ပြဿနာတစ်ခုရယ်လို့ ဖြစ်လာခဲ့လျှင် နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံပြီး ဖြေရှင်းပါမှ ပြေလည်စေမည်ဆိုတာရယ်...
အထူးသဖြင့် အချစ်အတွက်ဆို အားလုံးကစုံလုံးကန်း၍ လွဲမှားတဲ့အတ္တတွေဖြစ်စေတက်တာကို၊ ဒီကောင်လေးက သတိမထားခဲ့မိလေတော့.......
ဝေးခဲ့ရပြီပေါ့.....
------🌼-------
အားနည်းချက်လေးတွေကိုထောက်ပြ အကြံပေး ပေးပါသော လီအိုလေးအားကျေးဇူးတင်လျက်...🌻👈
ဒါဒါတစ်ယောက်စီတိုင်းကိုလဲ😚😚😚8/12/2021
2:09PM
ESTÁS LEYENDO
တွဲလက်တွေမြဲပါရစေ(completed)
Fanficပထမဦးဆုံးရေးသားခြင်းပါ🌼 အမှားပါရင်လဲခွင့်လွှတ်ကြပါနော် ကိုယ့်လူသားလေးနှစ်ဦးကိုမြတ်နှိုးလွန်းလို့ရေးသားရခြင်းပါ💗 မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ❣️ ကိုယ်ကonly yizhanပါနော်💛💛🙆♀️