" Hello, December "
နှစ်တစ်နှစ်ရဲ့နောက်ဆုံးလ၊ပထမရက်ကို
သူမအသိအမှတ်ပြုစွာ တံခါးပွင့်နှုတ်ဆက်လိုက်တယ်။
ခြေလှမ်းတွေကလဲ ဘေးအိမ်ကိုဦးတည်လိုက်တယ်။
ခြေဖမိုးနစ်အောင် မြုပ်နေတဲ့ နှင်းတွေရဲ့ အေးစက်မူကိုထိတွေ့ကာလျှောက်နေတဲ့ ဒီခံစားချက်လေးကို သူသဘောကျတယ်။
သူရဲ့အထမြှောက်မူကိစ္စာတစ်ခုပြီးရင် ခုလိုခရီးထွက်တတ်တာကိုလဲ သူခုံမင်လာသည်။" Hi,ကျမနာမည် မာရီယာဂျီဆူး
မနေ့ကမှ ဟိုဘက်အိမ်ပြောင်းလာတာ "သူဘဲလ်တီးပြီးပေါ်လာတဲ့ မျက်နှာတစ်ခုကို
မိတ်ဆက်လိုက်တယ်။
မနက်စောစောစီးစီးဆေးလိပ်လက်ကြားညှပ်ထားတဲ့ကောင်မလေးတစ်ယောက်။
သူထက်နည်းနည်းငယ်မယ်ဆိုတာ ကောင်မလေးရဲ့နုပျိုမူကပြောပြနေလေသည်။" နည်းနည်းလောက် ခေါင်းဖယ်ပေးစမ်းပါ "
ကိုယ်ရှေ့ အမျိုးသမီးကို အနည်း
ငယ်ဖယ်ခိုင်းလိုက်တယ်။
ချဉ်နေတဲ့ပါးစပ်ကို ဆေးလိပ်တစ်ချက်
ခပ်ပြင်းပြင်းရှိုက်ကာ မီးခို့းငွေ့တွေကို ဖြည်းဖြည်းချင်းမှုတ်ထုတ်နေမိတယ်။"သိပ်ဖြစ်တာပေါ့ "
ကောင်မလေးပြောတဲ့အတိုင်း
ခေါင်းဖယ်ပေးတော့ ဆေးလိပ်ငွေ့
တစ်ချို့ကိုမှုတ်ထုတ်တယ်။
ဆေးလိပ်ငွေ့တွေဟာ လှသားဘဲလို
သူထင်မိတာပထမဆုံးအကြိမ်ဘဲ။" ရူဘီဂျိမ်း"
* ဂျိန်း *
အော် သူနာမည်ကရူဘီဂျိမ်းတဲ့၊ တံခါးကတော့ပြန်ပိတ်သွားလေပြီ။
ကိုယ့်ပေါ် လာတင်နေတဲ့နှင်းဖတ်တွေကို
ခါချလိုက်သည်။
တစ်ခါမှဖယ်ရှားခံရပုံမပေါ်တဲ့
ဝရံတာကနှင်းခဲတွေဟာ မတ်တပ်ရပ်ကာ သူကိုတိုင်တန်းတော့မလို့ ပြီးတော့ သက်ပြင်းခပ်တိုးတိုးချကာ ပြန်ငြိမ်သက်သွားကြတယ်။
သူလိုမျိုးပေါ့လို့ တွေးမိတော့ ၊နှင်းခဲတွေကသူကိုလှောင်ပြောင်ကြတယ်။
YOU ARE READING
Dear Lady { One Shot}
Short Storyကြယ်တစ်လုံးရဲ့ ငိုကြွေးသံမှာ တောင်းတဲ့ဆုကတော့ ဂျိမ်းနဲ့အတူရှိနေဖို့ပါဘဲ!