မောင့်အတွက်ဆိုလျှင်...🖇❣(2)
ကလင်......ကလင်.....ကလင်.....
ကျောင်းဆင်းချိန်ရောက်၍ ခေါင်းလောင်းတီးသံကြားနေရပြီ.
ကျောင်းရှေ့တွင် ကျွန်တော့်လိုပဲ ကိုယ့်သားသမီးကို စောင့်နေကြသည့်
မိဘများလဲ ရှိသည်.
ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာပေမယ့် ထယ်လေး အခုထိ ထွက်မလာသေး.
ပြုံးပြုံးလေးနဲ့ ထွက်လာမလား?
ငိုမဲ့မဲ့လေး ထွက်လာလေမလား?
ဟိုတွေး ဒီတွေး နှင့် ရင်ဖိုရသည်.ပထမဆုံး
ကျောင်းပို့ရတဲ့ နေ့လေး ဆိုတော့
ထယ်လေး အနိုင်ကျင့်ခံရလေမလားဆိုပီးလဲ
လျှောက်တွေးမိသေးသည်.
ဟော ပြောရင်း ဆိုရင်းနဲ့ ထွက်လာပါပြီ. ဆရာ လက်ကို ဆွဲပီး
ဘေးနားက မိဘတစ်ယောက်ဖြစ်ဟန်တူသည့် အမျိူးသားတစ်ယောက်နဲ့ ကလေးတစ်ယောက်လဲ အတူတူ ထွက်လာသည်.
ထယ့််မျက်နှာ ကြည့်ရတာ မလန်းသလိုပင်.
ကျွန်တော့်ကို ထယ်လေး မြင်သွားသည်ထင်
တယ် ငိုမဲ့မဲ့လေးနဲ့ ဇွတ်ပြေးလာသည်."ပါး!.....ဟင့် "
" ဟင်....ထယ်လေး ငိုနေတာလား? "
စိုးရိမ်စိတ်နှင့် ကျွန်တော်လဲ ထယ့်ဆီ ပြေးသွားမိသည်." ထယ်.....ဘာလို့....ငို...ဟင်!"
ကျွန်တော့် အနားရောက်မှ အသည်းအသန် ငိုတော့သည်.
အနားရောက်လို့ သေချာကြည့်လိုက်မှ..."Jimin ရေ......jimin....!! "
" ဟင်....ဘာ..ဘာဖြစ်လို့လဲ Taehyung! "
" ဆေး!....ငါ့ကို....ဆေးပေးအုံး! jimin
ဟင့်....ထယ်လေး
allergic ဖြစ်နေတယ် "" allergic! အော် အေးအေး ခဏ "
Jimin ကားဆီပြေးသွားပြီး ခဏကြာတော့ ဆေးဘူးလေးယူကာ ပြန်လာသည်.
" Taehyung.... ဒီမှာ ဆေး "
"အော် အင်း "
Jimin လက်ထဲက ဆေးကို ယူပြီး ထယ်လေးကို အမြန် တိုက်လိုက်ရသည်.
ထယ်လေးကတော့ အငိုမတိတ်သေးပါ." သား.....ထယ်လေး မငိုနဲ့တော့နော် ပါး ရှိတယ် ဘာမှ မဖြစ်တော့ဘူး "
"ဟင့်.....ပါး......အီး....ဟီး....ထယ် ယားတယ် ဟင့်.... "
" ဘာမှမဖြစ်တော့ဘူး...တိတ်...တိတ်..."
BẠN ĐANG ĐỌC
If for him(မောင့်အတွက်ဆိုလျှင်...🖇❣(Complete🖇)
Fanfictionမောင့် ဘဝလေး ဂုဏ်မြင့်ပြီး တင့်တယ်နိုင်ပါစေ "မောင်" ငါ မင်းကို အရမ်းမုန်းတယ် "ငယ်" Taekook fic ♡ Own Creation 🦋🌸 By_ Ah-ji amo95~^ 8.11.2021 *( Start ) 17.7.2022~( End )🌻🖤💌