ဂျီဟျွန်းလေး၏လုပ်ရပ်ကြောင့် ယွန်းဟွာ၏မျက်လုံးလေးမှာမဆိုသလောက်ပြူးသွားရသည်။
'ဝက်သားဖက်!!!သူကတော်ဝင်မျိုးရိုးထဲကလေ!!!အဲ့လိုသွားလုပ်လို့ရမတဲ့လား!!!'
သူမကသာ ဖြစ်ပျက်နေသော်လဲ သူမအစ်ကို အီထယ်ကမူ ယွန်းဟွာကို သူ့နောက်သို့ပို့ကာ ထို ရှင်းမျိုးရိုး ကောင်ကို တည့်တည့်စိုက်ကြည့်၍
"အာ..ဒီနားမှာကပိုးမွှားတွေများလိုက်တာ...ဒါ့ကြောင့် ကျွန်တော့်ညီလေးက wet tissueတွေဘာတွေထုတ်သုံးကုန်တာနေမယ် နော်..ရှင်းမျိုးရိုး"
'ဟယ် ဟယ် ကိုကြီးရယ် ကိုကြီးဟာက မေးနေတဲ့ပုံမပေါ်ပဲ ငါပြောတာလက်မခံရင် ရိုက်သတ်မယ်ဆိုတဲ့ ဆိုဒ်ကြီးနဲ့...'
ရှင်းဂန်ဂျီခမြာ အူကြောင်ကြောင်နှင့်ပင်
"အဟမ်း...ဟုတ် ဟုတ်တာပေါ့...ဒါနဲ့ ညီလေးဆိုတာက..."
ရှင်းဂန်ဂျီ၏အကြည့်များက ဂျီဟျွန်းလေးဆီရောက်လာ၍ ယွန်းဟွာသည် ရှေ့ထွက်ကာ ဂျီဟျွန်းလေးကို သူမ နောက်သို့ပို့လိုက်လေသည်။
ရှင်းဂန်ဂျီ ; 'ငါက ကိုက်မစားပါဘူးဟ!'
"ဟုတ်တယ် သူက ဆုန်းအိမ်တော်ရဲ့ သားအငယ်ဆုံးပဲ...တစ်နည်းအားဖြင့် ဆုန်းအိမ်တော်ရဲ့ အငယ်ဆုံးနဲ့ အထိမခံနိုင်ဆုံးလေး..."
ယွန်းဟွာသည် ထိုစကားများကိုပြောနေစဥ်တွင် သူမကိုယ်တိုင်ပင်သတိမထားမိပဲ မျက်ဝန်းများမှာစူးရဲကာ ခြင်္သေ့မ တစ်ကောင်၏အကြည့်များကဲ့သို့ပင် ဖြစ်နေလေသည်။သူမ၏စူးရဲသောအကြည့်များကြောင့် Alphaတစ်ယောက်ဖြစ်သေူ ရှင်းဂန်ဂျီသည် ကျောရိုးထဲကပင် စိမ့်ကာအေး တက်လာသလိုပင်။
"သြော် ဟုတ်..ဟုတ်ပါပြီ ကဲ ဒါဆို ကိုယ်လဲ သွား..
သွားလိုက်ဦးမယ်.."ရှင်းဂန်ဂျီထွက်သွားကာမှ အီထယ်သည် ယွန်းဟွာဘက်လှည့်ကာ
"အဲ့ခွေးသားက ဘယ်နားတွေထိသွားသေးလဲ..."
'အမ်...ခွေး..ခွေးသား!!!!အီထယ်က အရမ်းအပြောအဆိုဂရုစိုက်တယ်မဟုတ်ဘူးလား!!!'
အံ့သြနေသည်ကိုခဏထားကာ အီထယ်၏အမေးကိုပြန်ဖြေရသေးသည်။
"အာ..လက်ကိုပဲ နမ်းသွားတာပါ ပြီးတော့...ဒါကနှုတ်ဆက်နည်းတစ်မျိုးပဲလေ ရပါတယ်..."

BINABASA MO ANG
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...