The Christmas Devil Krampus (Unicode)

81 11 0
                                    

"The Christmas Devil - Krampus"

(One Short) Horror/Thriller

ဒီဇင်ဘာလ၏ ပထမအစ ရက်လေး၌ အိမ်တိုင်း အိမ်တိုင်း၏ ခေါင်မိုးထက်တွင် ဆီးနှင်းများက စိုရွှဲနေကြသည်။ Jingle Bell သီချင်းလေးကို ဖွင့်ထားရင်း ချောကလပ်ပူပူတစ်ခွက် သောက်နေရသည်က ခရစ်စမတ် အငွေ့အသက်ကို ခံစားမိစေ၏။ ခရစ်စမတ်ကို ပိုမိုပြည့်စုံသွားစေရန်အတွက် အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင် တစ်ပင်တော့ လိုလိမ့်ဦးမည်။

အနွေးထည်ထူထူ၀တ်၊ သိုးမွှေး ဦးထုပ်လေး စောင်းပြီး မဖလာလေးကို ပတ်လိုက်တော့ ချမ်းအေးလှတဲ့ ရာသီဥတု အတွက် အပြင်ထွက်ရန် အဆင်သင့်ဖြစ်သွားတော့သည်။ အိမ်ကထွက်ကတည်းက လမ်းလျှောက်လာသည့် လမ်းတစ်လျှောက်လုံးတွင် အိမ်တိုင်း၏ အပြင်ဘက်၌ ခရစ်စမတ် အပြင်အဆင်လေးတွေကို တွေ့နေရသည်။ တချို့ အိမ်တံခါးများတွင် ပန်းကုံးများ၊ Candy Cane များဖြင့် အလှဆင်ထားသကဲ့သို့ တချို့ အိမ်တံခါးများတွင် Sentaအရုပ်လေးများကို ချိတ်ဆွဲထားကြသည်။

ဆီနှင်းများကြောင့် စိုစွတ်နေသည့် လမ်းသွယ်လေးထဲမှ လမ်းမကြီးသို့ ရောက်သည်နှင့် Taxi တစ်စီးငှားလိုက်သည်။ ထို့နောက် အနီးဆုံး Super Market တစ်ခုသို့ မောင်းခိုင်းလိုက်သည်။ ကားထဲတွင် ဖွင့်ထားသည့် ခရစ်စမတ်သီချင်းလေးနှင့် Driver က ကားကို ငြိမ့်ငြိမ့်လေး မောင်းနေသည်။ Super Market ထဲရောက်သည်နှင့် ပျံ့လွင့်နေသော ခရစ်စမတ်သီချင်း ငြိမ့်ငြိမ့်ညောင်းညောင်းလေးက ပထမဆုံး ကြိုဆိုလိုက်သည်။ December လ အတွက် အထူး Promotion ကြော်ငြာများကိုလည်း နေရာအနှံ့တွင် တွေ့နေရသည်။

ဈေး၀ယ်သူများနှင့် ရှုပ်ရှက်‌ခက်နေသည့် Super Market ထဲတွင် ခရစ်စမတ်သစ်ပင်များ ရောင်း‌သည့် နေရာသို့ သွားလိုက်သည်။ တကယ့် အပင်အစစ် လိုချင်သော်လည်း မဖြစ်နိုင်၍ ပလပ်စတစ်အပင် အတုသာ ၀ယ်ရတော့မည်။ တိုက်ခန်းကျဉ်းလေး‌ထဲမှာ နေရသည့် ရေချယ့် အတွက်တော့ နှစ်ပေခန့် အရပ်ရှိသည့် အပင်လေးသာ ၀ယ်လာခဲ့သည်။ ခရစ်စမတ်အပင်လေးတွင် ချိတ်ဆွဲရန် ပစ္စည်းလေးများကိုလည်း မမေ့မလျော့ ၀ယ်လာခဲ့ရသေးသည်။

The Christmas Devil - Krampus (One Short) [Zawgyi + Unicode]Where stories live. Discover now