" သားသားရေ ဦးကိုကြည့် !တူ...ဝါး "
"အဟင်း...ဟင်း ခစ် !ခစ် !"
" ရှောင်း ငါ့သားက မင်းတို့ရောက်လို့အရမ်းပျော်နေပြီ"
ကလေးက ရိပေါ်လက်ထဲကနေ ရှောင်းမြူနေတာကို တခစ်ခစ်ရယ်လို့သဘောကျနေသည်။
ရိပေါ်လည်း ကလေးတိုင်းကိုချစ်တတ်တာမဟုတ်။ဒါပေမယ့် အကိုကျူးရှောင်လိရဲ့ကလေးက ၀၀ကစ်ကစ်လေးနဲ့ ချစ်ဖို့အရမ်းကောင်းသည်။
ရိပေါ်တို့ကိုလည်း တွေ့တာနဲ့ ရယ်ပြ ပြုံးပြလို့ မျက်နှာအရမ်းချိုသည်။" ဟုတ်တယ် အားလိ သူငါ့ကိုသဘောကျနေတာ "
" သားက မင်းကိုသဘောကျတာမဟုတ်ပဲ ရိပေါ်ကိုသဘောကျတာကွ ကြည့်ပါလား?ရိပေါ်ရင်ခွင်ထဲမှာ သူပျော်နေတာ !"
" ဟေ့ကောင် အရမ်းများသွားပြီနော် မင်းစကားက ! သားရေ ဒီမှာကြည့် ဒါလေးလိုချင်လား?"
ရှောင်းက ကြမ်းပြင်ပေါ်ထိုင်ချလို့ သူ၀ယ်လာတဲ့ white gold ကြိုးသေးသေးလေးကို ကလေးရှေ့မြင်သာအောင်လှုပ်ရမ်းပြသည်။
ကလေးကနွားနှစ်ဖွားမို့ ဆွဲသီးနေရာမှာ ရွှေနဲ့လုပ်ထားတဲ့နွားခေါင်းပုံလေးက ရှောင်းလှုပ်လိုက်တိုင်း တယမ်းယမ်း။
" သားရေ ဦးဦးကို ကြည့်လိုက် ! တွေ့လား ? ဒါလေး လိုချင်လား ?"
ကလေးက သူ့အမေဆီလိုက်ကြည့်နေလျှင် ရိပေါ်က ကိုယ်ကိုလှည့်လို့ ရှောင်းဆီအကြည့်ရောက်အောင်ပြ သည်။
" သား လိုချင်လား? ရယ်ပြ ဦးကိုရယ်ပြ! ဟေ့ရောင် အားလိသားခွေးသားလေး! မင်းက ငါ့ကိုကျအဖက်မလုပ်ချင်ဘူး ငါ့ယောက်ျားပဲ ရယ်ပြနေတယ်"
YOU ARE READING
One Step To You___{Completed}
Fiksi PenggemarZhanyi /Married life 🖤 Start 18/10/2021