(ONLY UNICODE)
"Mommy ရေ Min လေးပြန်လာပြီ"
"တီလေးရေ သားပြန်လာပြီ"
Japan မှာနေပြီး ဆယ်နှစ်ကြာခွဲခဲ့ရတဲ့အတွက် ပြန်လာသောအခါ သူငယ်ချင်း Min Yoongi ရဲ့အိမ်ကိုသွား၍နှုတ်ဆက်ခြင်းဖြစ်သည်။
Jimin မှာမိဘမဲ့ဖြစ်ေသာကြောင့် တီလေးနဲ့ ဦးလေးတို့မှာ သူ့ရဲ့မိဘအရင်းသဖွယ်အလွန်ရင်းနီးကြသည်။"Aigoo Min လေးကချောလာလိုက်တာကွယ်"
"ဟုတ်တယ်တီလေး သားချောလာတာ ဟီးဟီး"
တီလေးချီးကျူးစကားကို မငြင်းပဲ စပ်ဖြီးဖြီးနဲ့ ပြန်ထောက်ခံသော Jiminကြောင့် Yoongi တစ်ယောက် အန်ချင်သလို အမူအရာတွေလုပ်ပြလေသည်။
"လာလာထိုင်အုံး ဘာစားမလဲတီလေးကိုပြော"
"ရတယ်တီလေး သားတို့ Taehyung တို့ကိုသွားတွေ့မလို့လေ သားပြန်လာတာကိုသိမပေးပဲ သွားတွေ့မှာဆိုတော့ supriseလေးဖြစ်သွားအောင်လို့ပါ ဟဲဟဲ"
"အော် အေးအေး သွားကြ သွားကြ သူငယ်ချင်းတွေအလွမ်းသယ်ကြအုံး"
"ဟုတ်တီလေး အာ့ဆိုသွားမယ်နော်"
"မေမေသားတို့သွားပြီနော်"
"အေးအေး"
"ဟျောင့် Yoongi မင်းကိုယ့်သူငယ်ချင်းပြန်လာတာကို စကားလေးဘာလေးပြောပါအုံး မင်းကြည့်ရတာ ကျောက်ခဲကြီးကြနာပဲ စကားကိုမပြောဘူး အဲ့တာမလို့ ရည်းစားမရတာ"
"မင်းကများပြောရတယ်ရှိသေး ငါ့ဘေးမှာမိန်းခလေးတွေဝိုင်းနေ မသိဘဲနဲ့ ဟွန်း"
"မယုံပါ"
မယုံဘူးလို့ပြောပြီး လျှာထုတ်ကာ သူ့ရှေ့ကနေပြေးသွားသော သူငယ်ချင်းဂျပုကိုကြည့်ပြီး ခေါင်းတစ်ချက်ယမ်းလိုက်သည်။
"ရုပ်ကသာချောတာ အရပ်ကတော့ ဆွဲဆန့်တောင်မထွက်မဲ့အမျိုး"
တစ်ကိုယ်တည်းကြားနိုင်တဲ့ စကားကို မဲ့ရွဲ့၍ပြောကာ သူတို့နှစ်ယောက် ကားပေါ်သို့တတ်လိုက်သည်။
"ဟိုအဖိုးကြီး, ထယ်ထယ်တို့ကို ပြောပြီးပြီလား coffee ဆိုင်မှာတွေ့မယ်ဆိုတာ"
YOU ARE READING
နှောင်ကြိုး
Random"ကိုယ့်နှလုံးသားက မာကျောနေတာတောင် မင်းအပြုံးလေးတွေကြောင့် နူးညံ့သွားပြီး အချစ်ဆိုတာဖြစ်လာခဲ့တယ်" #Jeon Jungkook