ဆရာမလေးရဲ့ ကမ္ဘာသစ် နိဒါန်း...၁
အိမ်နာမည် နိုးနိုး၊ နာမည် အရင်း မြတ်နိုးအိမ်ဆိုတာ ထက်ထက်မြတ်မြတ် ရိုးရိုးအေးအေး လေး နေတတ်သူ။ စာတော်သလောက် မာနကြီးတယ် အများက ထင်တတ်ကြပေမယ့် တကယ်က အားနာတတ်သူ အရာရာ အလေးထားတတ်သူ။ ဆယ်တန်းကိုလည်း ၄ ဘာသာ ဂုဏ်ထူးနဲ့ အောင်ခဲ့ပေမယ့် ဆေးကျောင်းမမှီလိုက်တာက သူ့အတွက် ပိုတောင်ကျေနပ်စရာကောင်းသွားသေးတယ်။ သူဝါသနာပါတဲ့ ကွန်ပျူတာ တက္ကသိုလ်တက်ပြီး၊ တစ်ဖက်ကလည်း ဆယ်တန်းကျောင်းသား/သူတွေကို ဂိုက်လုပ်ရင်း ကျောင်းစားရိတ်ရှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေပြီဖြစ်တဲ့ မိန်းကလေး တစ်ယောက်ပေါ့။
အရပ်မနိမ့်မမြင့် ကျစ်လစ်လှပတဲ့ ကိုယ်လုံး၊ ချိုလွင်တဲ့ မျက်နှာကျကြောင့် ရည်ရွယ်သူတွေ ချဉ်းကပ်သူတွေများပေမယ့် နိုးနိုး တစ်ယောက် ရည်းစားထားဖို့ ခေါင်းထဲမရှိ၊ စာတစ်ဖက် အလုပ်တစ်ဖက်နဲ့ ရည်းစားထားဖို့လည်း မတွေးနိုင်၊ ယခုချိန် အသက် ၂၁ ကျော် ၂၂ ထဲ ရောက်လာသည်အထိ လာသမျှ အကုန် ခေါင်းခါ လွှတ်ခဲ့တာချည်းပင်။
ဒါပေမယ့် လူဆိုတာ တစ်စုံတစ်ခုသော အပြောင်းအလဲ မတိုင်ခင်ထိတော့ ငြိမ်သက်နေတတ်ကြတာ သဘာဝပဲ မဟုတ်လား...
ဒီဇာတ်လမ်းရဲ့ အစကတော့ ကျောင်းသား တစ်ယောက်ကို လက်ခံလိုက်ရာက စခဲ့သည်။ သူ့နာမည်က ကျော်ရဲနောင်။ မိဘက ချမ်းသာသလောက် အလိုလိုက်ရာမှ ဆယ်တန်း ၂ ခါကျပြီး အလေလိုက်နေသူ၊ ပင်ကိုယ် အရည်အချင်းက မဆိုးပေမယ့် ကိုယ်တိုင်ပညာရေး စိတ်မဝင်စားတာက ခက်သည်။ ဒီမှာတင် သူ့ မိဘက စာသင်တော်ကြောင်း နာမည်ထွက်နေသည့် နိုးနိုးထံ ဂိုက်လုပ်ပေးဖို့ လာအပ်တော့သည်။
သားသမီးကို တော်စေ ကောင်းစေချင်သည့် မိဘများရဲ့ နည်းလမ်း အတိုင်း သားဖြစ်သူ စာသင်ဖို့အတွက် အကောင်းဆုံး ဆရာတွေနဲ့ အပ်သည်၊ ပြီး စာကျက်ရာတွင် ဂိုက်လုပ်ဖို့ နာမည်ကောင်း တွေ ထွက်နေသည့် နိုးနိုးထံအပ်သည်။
ချမ်းသာသူများပီပီ သားဖြစ်သူ စာသင်ရန်အတွက် သီးသန့် ကျယ်ဝန်းသည့် အခန်းတစ်ခန်းကို စီစဉ်ပေးထားသည့် အတွက် တခြား အနှောက်အယှက်မရှိ စာကို အာရုံစိုက်နိုင်သည်။
YOU ARE READING
ဆရာမလေးရဲ့ နိဒါန်း
Romanceကြုံခဲ့တွေ့ခဲ့ မြင်ဖူးခဲ့ တာတွေထဲက တချို့ကို စိတ်ကူးလေးနဲ့ ပြန်ဖန်တီးပြီး ဇာတ်လမ်းစီထားတာတွေ ရှိပါတယ်။ ဒီအထဲကမှ ဆရာမလေး တစ်ယောက်ကနေမှ အဆင့်ဆင့် ပြောင်းလဲသွားတဲ့ ဘဝ ဇာတ်ကြောင်းရဲ့ နိဒါန်းပိုင်းလေး ဖြစ်ပါတယ်။ အသက်မပြည့်သေးသူ ကလေးများအတွက် မဟုတ်ပါဘူး a...