Part >> 12
ကပ်ပါးကောင်ကိုပြပါလို့ပြောလျှင် ရှောင်းကျန့်ကိုပြရမည်အမှန်ပင်။ ရှောင်းကျန့်သည် ကြီးကြီးကို မျက်နှာလိုမျက်နှာရအရမ်းလုပ်သည် ဥပမာ ကြီးကြီးဟင်းချက်မယ်ဆိုရင် ရှောင်းကျန့်ကဘေးကနေ တောက်တိုမယ်ရလျှောက်လုပ်ပေးသည် ။ ရိပေါ်လုပ်ပေးမည်ဆိုလည်းမရ မလုပ်တတ်လုပ်တတ်နဲ့လျှောက်လုပ်လို့ မီးဖိုချောင်လဲပွပလဲနေပြီ ။ ကြီးကြီးဆိုသည်မှာလည်း ရှောင်းကျန့်ဒီလောက်ဖွထားတာတောင် တစ်ချက်ကလေးအပြစ်မဆိုပေ ပြုံးပြုံးရယ်နေသေးသည်။ ယွီပင်းကတော့ အခန်းထဲကနေအပြင်ကိုလုံးဝကိုထွက်မလာပေ ရှောင်းကျန့်နှင့်မျက်နှာချင်းမဆိုင်ချင်ဘူးလို့လည်းပြောသည်။
ထမင်းစားတော့လည်းကြီးကြီးသည် ရိပေါ်တို့ပန်းကန်ထဲကို အရွက်ကြော်သာထည့်ပေးပြီး ရှောင်းကျန့်ပန်းကန်ထဲကိုကြက်သားဟင်းထည့်ပေးသည်။ ဒါလုံးဝမတရားဘူး ကြီးကြီးသပ်သပ်မဲ့မျက်နှာလိုက်တာဖြစ်သည် ။ အရွက်ကြော်နဲ့သာထမင်းစားရတဲ့ ရိပေါ်နဲ့ ယွီပင်းတို့မှာ ငိုမဲ့မဲ့လေးဖြစ်နေသည်။
ထမင်းစားပြီးတော့ ရိပေါ်ပန်းကန်ဆေးပေးမယ်လုပ်တော့လည်း ရှောင်းကျန့်ကအတင်းပန်းကန်တွေလုကာ သူဆေးပေးမည်လုပ်သည်။ ဒီလောက်ငတ်ဂျီးကျတဲ့အကောင်ဆေးစမ်းဆိုပြီးလွှတ်ပေးထားတော့ ဧည့်သည်ကိုပန်းကန်ဆေးခိုင်းရလားဆိုပြီးကြီးကြီးက ရိပေါ်ကိုဆူသည်။
အခုလည်းကြည့် ကြီးကြီးချည်ထိုနေတာကိုဘေးကနေကြည့်ပြီး ဟိုလိုက်ပြောဒီလိုက်ပြော လုပ်နေသည် ။ ကြီးကြီးကသူချည်ထိုးနေလျှင် ဘေးနားလာပြီးစကားပြောတာတောင်မကြိုက်ပေ။ အာရုံပျက်တတ်လို့ဆိုပြီး ရိပေါ်တို့တောင် ကြီးကြီးချည်ထိုးနေလျှင် ခြေသံဖွဖွလျှောက်ရသည်။
ရိပေါ်လည်းဘာမှဝင်မပြောပဲ အခန်းဝကနေသာ လက်ပိုက်ပြီးကြည့်နေလိုက်သည်။
" ရိပေါ် ဒီည ကိုယ်ဒီမှာပဲအိပ်မယ် သိလား ကြီးကြီးကကိုယ့်ကိုဒီမှာအိပ်ခိုင်းတယ် "
ကြီးကြီးနဲ့စကားပြောနေရင်း ရိပေါ်အနားကိုလာကာ အိမ်မှာညအိပ်မည်ဆိုသည့်အကြောင်းလာပြောသည်။ ရိပေါ်ဒါမျိုးလုံးဝလက်မခံပါ အရင်က ကြီးကြီးကိုယ်တိုင်သည်လည်း အိမ်ကိုညအိပ်ညနေဧည့်သည်မခေါ်တတ်သလို ရိပေါ်တို့လည်းထိုသို့တစ်ခါမှမလုပ်ဖူးပေ။ အခုတော့ ကြီးကြီးဟာ ရိပေါ်တို့ကိုသစ္စာဖောက်သည်