'' သမီးနာမည်က ' မြတ်နိုးသူ' တဲ့လား ချစ်စရာကောင်းလိုက်တဲ့နာမည်လေးပဲ ၊ CV ထဲမှာတော့ပါပြီးသားပါ၊ ဒါပေမယ့် သမီးအကြောင်း နည်းနည်းပြန်ပြောပြပါလား ''
အင်တာဗျူးသည့် အလုပ်ရှင်အန်တီနှင့်အတူ ရွယ်တူလောက်ရှိမည့် လူငယ်တစ်ယောက်မှုန်တေတေမျက်နှာထားနှင့်မျက်လုံးတွေကဂဏှာ မငြိမ်ပဲဟိုဒီကြည့်ကာ ကျီးကန်းတောင်းမှောက်ရှိလှတာကိုသတိထားမိသည်။ သူ့အကြည့်တွေကမယဥ်ကျေးလှပါ။ဘုရားရေ....ဘယ့်နှယ်လူပါလိမ့်။ စာသင်ပေးရမယ့်သူကသူဆိုရင်သေပြီဆရာ။ မဖြစ်နိုင်ပါဘူး အန်တီကြီးက မိန်းကလေးလို့ပြောထားတာပါ။ ဟုတ်တယ် ဒီတစ်ယောက်မဟုတ်ဘူး ဆိုပြီး မြတ်နိုး ကိုယ့်ကို ကိုအားပေးလိုက်တယ်။ မြတ်နိုးက မျက်နှာကလေးကို အချိုဆုံးပြုံးလိုက်ရင်း.....
'' ကျွန်မ စိတ်ပညာနဲ့ကျောင်းပြီးထားပြီးသားပါရှင့်၊ အခု YUFLမှာအင်္ဂလိပ်စာဆက်တက်နေပါတယ်၊ စာသင်ပေးရတဲ့အလုပ်ကိုဝါသနာလည်းပါသလို အချိန်ပိုင်းအလုပ်ကလေးလည်းရှိထားချင်လို့ပါ၊ ကျွန်မစာသင်ပေးရမယ့် ကလေးက. ?....''
ထိုလူက ဟီးခနဲ့ တစ်ချက်ရယ်သံထွက်လာတော့အမြင်ကတ်သွားမိသည်။ ဘယ်လိုလူလည်း....မုန်းဖို့ကောင်းလိုက်တာ။ အန်တီက ယဥ်ကျေးသိမ်မွေ့သလောက် သူ့အမှုအရာမျက်နှာပေးက ရိုင်းသည့်ဘက်တောင်ရောက်နေသည်။ ဣန္ဒြေလည်းမရ။ မျက်လုံးတွေက မြတ်နိုး တစ်ကိုယ်လုံးဆီတောင်ကြည့်မြောက်ကြည့်နှင့်ပါ။
'' သမီးသင်ပေးရမယ့်သူက ကလေးမဟုတ်ဘူး သမီးရဲ့ အန်တီ့ သမီးပါ အကြောင်းကြောင်း ကြောင့် အန်တီတို့ ကွဲသွားခဲ့တာ ခုမှပြန်တွေ့ရတာဆိုပါတော့၊ သမီးက စာလုံးဝမတတ်ရှာဘူး၊အဲ့ဒါကို အစ ကနေပြီးသူငယ်တန်းကစပြီး ပြန်သင်ပေးရမှာပါ စာရေးတတ်ဖတ်တတ်လာတဲ့အထိရယ် အနေအထိုင်အပြုအမှုအပြောအဆိုအားလုံးယဥ်ကျေးသိမ်မွေ့လာအောင် သမီးကပဲစိတ်ရှည်ရှည်တာဝန်ယူပြီး သင်ပေးရမှာပါ ''
မြတ်နိုးက ချက်ချင်းထွက်ပြေးချင်စိတ်ပင် ပေါက်သွားပါသည်။ အလုပ်လျှောက်မိတာမှားပြီ။
'' မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာရယ် Personal Grooming ရယ်ပေါ့ သမီးရယ်၊သမီးတာဝန်ယူနိုငိပါ့မလား...''
YOU ARE READING
မရဲ့....မူပိုင်ရှင်
Short Storyအမှတ်တရသိမ်းထားချင်မိတဲ့ normalfic တွေကိုရောသမမွှေထားတာပါ အမှားပါရင်ခွင့်လွှတ်ပေးစေချင်ပါတယ်ဗျာ🙏🙏