လီဆာ ကင့်အခန်းထဲဝင်လာခဲ့ပေမယ့် အက်ျီမချွတ်ရဲ။ ကင့်ရှေ့မှာဘယ်လိုစိတ်နဲ့ အက်ျီချွတ်နေရမလဲနော်။ ကင်ကဘာမှမဖြစ်သလိုပြောပေမယ့် လီဆာဖြင့် အနွေးထည်ထူထူအောက်မှာချွေးပြန်နေပြီ။
" ခုထိအက်ျီမချွတ်ရသေးဘူးလား .. "
အနောက်ကကြားလိုက်ရတဲ့ ကင့်အသံကြောင့် လီဆာ့တကိုယ်လုံး ဆတ်ခနဲတုန်သွားသည်။
" ကုတင်ပေါ်မှာစောင်ရှိတယ် .. ခြုံလိုက် မင်းရဲ့ကျောပြင်ကိုပဲဖော်ထား "
ကင်ကအပ်တွေကိုအစဥ်လိုက်နေရာချပြီး ကုတင်ဘေးမှာဝင်ထိုင်သည်။
" ဟို ကင် .. ကင်ဟိုဘက်လှည့် "
ကင်ကရယ်ချင်နေတဲ့မျက်နှာနဲ့ တစ်ဖက်လှည့်ပေးသည်။ မတတ်သာသည့်အဆုံး လီဆာအက်ျီချွတ်လိုက်တော့သည်။ ထို့နောက် ကင်ပေးတဲ့စောင်ကြီးကို ရင်ဘတ်ဆီအပ်ကာပွေ့ထားရင်း ကုတင်ပေါ်မှောက်ချရင်း ..
" ရ .. ရပြီ "
ကင့်ဆီက ဘာအသံမှပြန်မကြားရ။
" ကင် .. "
" ... "
" ကင် .."
" ဟင် .."
" ရပြီလို့ လီလီပြောနေ ..
ခေါင်းကိုလှည့်ပြီး ကင့်ကိုကြည့်မိတော့ ကင့်မျက်ဝန်းတွေက လီဆာ့ကျောပြင်ဆီမှာ။
" ရ .. ရရင် ခဏအသားကျအောင်လှဲနေ ပြန်လာခဲ့မယ် "
စားပွဲပေါ်ကစီးကရက်တစ်လိပ်နဲ့ မီးခြစ်ဆံဘူးကိုယူပြီး ကင်ကအခန်းပြင်ကိုထွက်သွားသည်။ ဗလာဖြစ်နေတဲ့ကျောပြင်နဲ့ မှောက်လျက်သားအနေအထားကြီးအတိုင်း လီဆာအကြောင်သားကျန်ခဲ့ရ၏။ အပ်ကိုကြောက်တာတစ်မျိုး၊ ကင့်ကိုရှက်တာတစ်မျိုးနဲ့ အဖျားတောင်ပျောက်သွားပြီထင်ရတယ်။
" တစ် နှစ် သုံး လေး "
ကို့ရို့ကားယားအနေအထားမှာ လီဆာ ကင့်ရဲ့အိပ်ယာခင်းစကိုလက်ညှိုးနဲ့ခြစ်ရင်း စက္ကန့်တွေကို စရေတွက်လိုက်သည်။ အနည်းငယ်များ အရှက်ပြေမလားလို့ ကြိုးစားယုံပါ။ တစ်ဖန်လီဆာ့ကျောပြင်ကိုကြည့်နေခဲ့တဲ့ ကင့်မျက်ဝန်းတွေကိုပြန်တွေးမိတော့ ကျေနပ်သလိုခံစားချက်တွေနဲ့။ ကင့်ကျောပြင်ကိုများ ဒီအနေအထားနဲ့မြင်ရရင် လီဆာတော့ရူးသွားမလားပဲ။
YOU ARE READING
Daisy ; Blooms in 1960
FanfictionA sunflower said she found love where she saw the brave daisy.