သူနှင့်ကျွန်မ၏ကံကြမ္မာသည် နံပါတ် "ခြောက်" ဂဏာန်းနှင့် ရေစက်ဆုံပုံရသည်။
ကြောင်စီစီအတွေးဖြင့် အရင်တုန်းကအကြောင်းကို ပြန်တွေးလိုက်မိသည်။
လူတိုင်း အထက်တန်း ပထမနှစ်မှာ သူတို့ရဲ့ သက်ဆိုင်ရာ အတန်းတွေ ခွဲပြီးတဲ့နောက်မှာ သူနဲ့ကျွန်မ ပထမဆုံး အတန်းဖော်တွေ ဖြစ်လာချိန်မှာပဲကံကြမ္မာက စတင်ခဲ့တယ်။ သူ့မှာသပ်ရပ်သော ဆံပင်တိုတို၊ ထူးခြားပြီး ထက်မြက်သော မျက်နှာအသွင်အပြင်နှင့် နှုတ်ခမ်းထောင့်အောက်မှာ ပါးချိုင့်တစ်ခုရှိတယ်။ တစ်ယောက်ယောက်က သူ့ကိုကြည့်တဲ့အခါ အမြဲတမ်းပြုံးနေတတ်တယ်။
ကျောင်းသားဘဝရဲ့ နေ့ရက်တွေကို အများကြီး မေ့သွားခဲ့ပေမယ့် သူ့စကားတွေကိုတော့ တွေးပြီးတိုင်း အမှတ်ရနေသေးတယ်။
ကျွန်မ အထက်တန်းကျောင်းတက်တုန်းက၊ ကျွန်မသိပ်မသိတဲ့ ကောင်လေးတစ်ယောက်နဲ့ အတန်းဖော်ဖြစ်လာတဲ့အခါ အပျက်သဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ မပြုမူခဲ့ဘူး။ ကျွန်မ ထိုင်ခုံမှာ ထိုင်ပြီးတာနဲ့ စားပွဲကို အတွေးဗလာမဲ့စွာ ငေးကြည့်နေမိတယ်။
အတန်းတင်စာမေးပွဲရမှတ်များကိုကြည့်ပြီးနောက် သူဝင်လာခဲ့သည်။ သူကျွန်မကိုမြင်တော့ ပြုံးတယ်။ "အတန်းခွဲဖို့ စာမေးပွဲမှာ ငါမင်းထက် ခြောက်မှတ်ပိုများတယ်!"
ကျွန်မ စိတ်ရှုပ်သွားတယ်။
သူက "မင်းတက်ခဲ့တဲ့ အလယ်တန်းကျောင်းမှာပဲ တက်ခဲ့တယ်။ မင်း ငါ့ကိုမှတ်မိလား?"
ရိုးရိုးသားသားပြောရရင် ကျွန်မသူ့ကိုတကယ်မမှတ်မိဘူး။
သူက ကူကယ်ရာမဲ့ ရယ်မောလိုက်သည်။ "ကျွန်တော်က အတန်းငါးကပါ ပြီးတော့ တစ်ချိန်က မင်းရဲ့ အတန်းဖော်ဖြစ်ခဲ့ဖူးတယ်။"
အဲဒီ့အချိန်မှာပဲ သူ့ကို ပြန်သတိရမိတယ်။
အလယ်တန်းကျောင်းတက်တုန်းက အရမ်းတိတ်ဆိတ်တဲ့ စရိုက်ရှိတယ်။ ကျွန်မက အချိန်တိုင်း စာလေ့လာပြီး အပြင်မှာ ဖြစ်ပျက်နေတာကို အမြဲ သတိမမူမိဘူး။ ကျွန်မအတန်းထဲက အတန်းဖော်တွေကို မမှတ်မိဘူး ။ ပြီးတော့ ကျွန်မက အတန်းမတူတဲ့သူတွေကို ဘယ်တော့မှသတိမထားမိဘူး။

YOU ARE READING
နံပါတ် "ခြောက်" (MM Translation)
Short Storyအချစ်ဦးကို မြေးဦးရတဲ့ထိ မေ့မရဘူးမလား သေချာပါတယ် ဒါကိုဖတ်ပြီးရင် မင်းရဲ့အချစ်ဦးကို သတိရသွားမယ်ဆိုတာ။ I'm just translator. This story is not owned! Credit Original Author!