#ဒီကချစ်လိုက်ရတာ
ဒီကချစ်လိုက်ရတာ
မိုးမှုန်ဖွဲဖွဲကြားမှာထီးကောက်ကြီးကိုမဆောင်းဖြစ်ပါပဲလက်ထဲကိုင်ဆွဲရင်း သူလျှောက်နေမိ၏။ ဘယ်လောက်ကြာကြာလျှောက်နေမိသလဲ သတိ မထားမိတော့သော်လည်း သူ့တစ်ကိုယ်လုံး ကြွက်စုတ်တော့ဖြစ်နေခဲ့ပြီ။
လက်ထဲကထီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း သူအလိုရှိရာအရပ် သို့ရောက်လေတော့ ....
" ဦး ... ကျွန်တော့်ထီးကို ဘယ်လိုပြင်ပေးလိုက်တာတုန်း "
လမ်းဘေးထီးအမိုးအောက်ဝယ် ဆေးတံကြီးခဲလျက် မိန့်မိန့်ကြီးထိုင် ကာ ထမင်းလုံးစီနေပုံရသော ဦးလေးကြီးသည် သူ့အသံကြားတော့ မော့ကာ ကြည့်လာ၏။ မျက်နှာအပေါ် ပိုင်းဝယ်မှောက်ချထားသော စာအုပ်ကြီးကို ဖယ်ခွာ လိုက်လေတော့ ထီးပြင်သည့်ဦးလေးမှ မဟုတ်ပဲလား။
" ခင်ဗျားက ဘယ်သူလဲ ... ဦးရော "
" မရှိဘူး .. ဘာကိစ္စလဲ "
အကွက်ကျဲကျဲအပြာရောင်ပုဆိုးကြီးကရှိရင်းစွဲအသက်ထက်ပိုရင့်စေ ၏။ မုတ်ဆိတ်မွှေးထူလဗျစ်နှင့် အသားညိုညိုမျက်နှာပေါက်က မရှိရှာတော့သော အိမ်ကအဖိုးနှင့် ချွတ်စွပ်။
" အဖိုးက ဆိုင်ရှင်အသစ်လား "
" ကြီးတော်ကြီးကို အဖိုးလား "
အသံခပ်ဩဩက မိုးရွာသံကြားထဲ ဟိန်းကာထွက်လာတော့ သူ့မှာ လန့်တုန်သွားရ၏။
" ဒါဆိုလည်း ဦးလေး ... ကျွန်တော့်ထီးဘယ်သူပြင်ပေးမှာလဲ "
" ဒီသောက်ခလေးကတော့ ... ဟေ့ကောင် မင်းမျက်ခွက်ပြောင်နေ တာလား .... ငါ့အသက်ခုမှ ၂၆ကွ ... ကြီးဒေါ်ကြီးကို ဦးလေး ... ပေးစမ်း အဲ့ထီး "
နှစ်ဆယ့်ခြောက်။ နှစ်ဆယ့်ခြောက်တဲ့လား။ ဘုရားရေ။ ဒီလူကောင် ကြီးကလေ၊ သူ့ထက် လေးနှစ်တောင်ငယ်တယ်ပေါ့။
" ရော့ ... ထီးခရိုင်မှာ ချိတ်ပေးလိုက်တဲ့ သံကြိုးက ဘယ်ဆယ့်နှစ်ဘဝ လောက်က သံဆွေးကြိုးလည်းမသိပါဘူး .. အပ်ချည်မျှင်တောင် သူ့ထက်ပိုတောင့် ဦးမယ်... ခုကျ ကားပေါ်ကဆင်းတာနဲ့ ဖြုတ်ခနဲ ပြတ်ထွက်သွားလို့ ဒိတ်သွားမဲ့ ငါ့ရှိုးတွေပဲ့ကုန်ပြီကွ "
YOU ARE READING
ဒီကချစ်လိုက်ရတာ (OS)
Romanceအချစ်သက်သက်ရယ်ပါ၊ လက်ခံလို့ရရင် မူမနေပဲ လက်ခံပစ်လိုက်စေချင်ပါတယ်