Part - {22}

3.2K 393 46
                                    

"အင်း?"

"သူက အန္တရာယ်များတဲ့လူမျိုး"

အီဗန်က သူ ရူဒယ်အကြောင်း သိသလိုမျိုး ပြောလာတယ်။ ရူဒယ်က သူ့ကိုသိပြီး ရှာဖွေတာတွေ လုပ်ခဲ့ရင်တောင် အီဗန်က ရူဒယ်ကို သိစရာ အကြောင်းမှ မရှိတာ။

ဒါပေမဲ့လည်း တစ်ခဏလောက် မဟုတ်သေးသလို ခံစားရတယ်။ ပြီးတော့ အီဗန်ရဲ့လက်က ကျွန်တော့်နဖူးကနေ ခေါင်းကိုဖိထားတော့ ကျွန်တော့်ခေါင်းက နောက်လှန်သလိုဖြစ်နေတယ်။ ကျွန်တော် စကားတောင် ဆက်မပြောနိုင်တော့ဘူး။ ရုတ်တရက် ကျွန်တော် သန့်စင်ခန်းမျက်နှာကျက်ကို ကြည့်နေရတုန်း နဖူးပေါ်ကလက်က အောက်လျှောသွားပြီး ကျွန်တော့်မြင်ကွင်းကိုပိတ်လိုက်တယ်။ အဲ့တာကြောင့်မို့ ကျွန်တော့်နားရွက်ကို လာထိနေတဲ့လေပူတွေက ပိုပူလာသလို ခံစားရတယ်။
(T/N : Coverက ပုံပါ)

"ငါ၊ အဲ့ဒီ့နား..."

ကျွန်တော် အီဗန်ကို ကျောပေးထားရာကနေ လှည့်ဖို့ ကြိုးစားလိုက်ပေမဲ့ ကျွန်တော့် ခြေထောက်ရှေ့မှာ အိမ်သာကြွေခွက်က ခံနေပြီးလွယ်လွယ် လှည့်မရဘူး။ ကျောင်းအကြီးကြီး ဆောက်ကြတယ်ဆိုလည်း၊ သန့်စင်ခန်းကိုပါ အကြီးကြီး ဆောက်ကြပါလား? ကျွန်တော့်မှာ ထောင့်လေးမှာပဲ လှုပ်ရှားမှုမရှိတဲ့ ကြွက်လေးလို ရပ်နေရတယ်။ ကျွန်တော်ဆန္ဒရှိတဲ့အတိုင်း ပုခုံးတွေက လှုပ်မရတော့ ကျွန်တော့်မှာ တစ်ကိုယ်လုံး မလှုပ်ပဲနေရတယ်။ အဲ့တာကြောင့် စကားပြောဖို့ပဲ တတ်နိုင်တယ်။

"အီဗန်၊ မင်းရူဒယ်ရှားဘတ်ကို သိလား?"

"..."

"အန္တရာယ်များတာလား...?"

အီဗန်ရဲ့ဆံပင်တွေက ကျွန်တော့်ပုခုံးကို ယားကျိကျိ ဖြစ်စေတယ်။ အီဗန်က ကျွန်တော် လှုပ်သွားရင်တောင် ငြိမ်ငြိမ်လေး ကိုင်ထားတုန်းပဲ(မျက်လုံးမှိတ်ထားတုန်း)။ ခဏကြာမှ စကားစပြောလာတယ်။

"ကောလဟာလပါ"

"ကောလဟာလ? ဘာကို၊ အာ..."

"ဒီလိုမျိုး ကောလဟာလလေ"

ပူနွေးနွေးအရာတစ်ခုက ကျွန်တော့်နားရွက်ကို လာထိပြီး အသက်ရှုငွေ့တွေပါ လာထိတယ်။ ကျွန်တော့်နားထဲကို ဝင်လာတဲ့ လေတွေကြောင့် တုန်သွားတယ်။ ကျွန်တော့်မျက်လုံးကို ကာထားတဲ့လက်ကလည်း ပိုပြီးအားပါလာတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Kde žijí příběhy. Začni objevovat