အပိုင်း1 (ဇာတ်သိမ်းပိုင်း)

95 20 0
                                    

Unicode

ကျွန်‌တော်ကကျားရုလေးရဲ့အုပ်ထိန်းသူပါ"

ရွှေရောင်နဲ့အဖြူစပ်ထားပြီးဂါ‌၀န်ကားကားလေး၀တ်ဆင်ပေးထားသည့်ခွေးမလေးအားပိုက်ကာ လက်ထဲဖိတ်စာကိုပြလိုက်သည်။

"ဟုတ်ကဲ့ ဒီဘက်ကိုကြွပါရှင့်"

Reception ကဧည့်ကြိုကောင်မလေးလမ်းညွှန်သည့်အတိုင်း သင်တန်းကျောင်းထဲသို့၀င်လာခဲ့သည်။

'Paw Print Training Center'
အိမ်မွေးခွေးလေးများကိုလိမ္မာ‌ပြီးလူယဉ်စေရန်ဖွင့်လှစ်ထားသည့်သင်တန်းကျောင်းပင်။ အမြဲလိုလိုကျားရုကိုအပို့အကြိုရှိခဲ့ပေမဲ့ အခုကတော့ထိုသင်တန်းကျောင်းရဲ့Gathering Partyဖြစ်၍ သခင်နဲ့တကွတက်ရောက်ပေးရန်တောင်းဆိုလာသည့်အတွက်ဒီနေရာသို့ရောက်နေခြင်းပင်။

ခွေးမျိုးပုံစံနဲ့သူတို့၏ပိုင်ရှင်တွေကိုချန်းယောလ်တွေ့လိုက်ရသည်။တချို့ခွေးတွေဟာချစ်ဖို့ကောင်းကြသည် ။ တချို့ကတော့ရုပ်ဆိုးကြသည်။

တော်တော်များများခွေးတွေကချန်းယောလ်မျက်လုံးထဲမှာရုပ်ဆိုးနေသည်။ ဘာလို့လဲဆိုတော့သူ့သမီးကျားရုကသာချစ်ဖို့အကောင်းဆုံး အလှဆုံးလို့တွေးထားတာကို။

"ကျားရုလေးရောက်လာပြီလား"

အနားနားကိုကပ်လာသည့်မှန်ကြောင်လူသေးသေးလေးကသူ့သမီးနာမည်ကိုခေါ်လိုက်သည့်အတွက်ချန်းယောလ်အနည်းဆုံးကြောင်သွားသည်။ အသိတွေလားလို့ကျားရုကိုပဲမေးကြည့်ရတော့မလား။

"ဒါကဘယ်သူလဲ ကျားရုရဲ့ဖေဖေလား ဟုတ်လားကျားရုလေး"

ထိုလူသေးသေးလေးကိုမြင်သည်နှင့်လှုပ်လှုပ်ရွရွဖြစ်ကာ သူ့ချီထားတဲ့လက်ထဲကထွက်ချင်နေသည့်က‌ ျားရုကိုချန်းယောလ်နည်းနည်းအမြင်မကြည်ဖြစ်လာပြီ။

အခုကအဖေကိုတောင်ကန်ပြီးသူစိမ်းဆီကိုသွားချင်နေတာမဟုတ်လား???

"ကျားရု ဘယ်လိုတွေဖြစ်နေတာလဲ ဂါ၀န်တွေတောင်လန်ကုန်ပြီ"

နည်းနည်းဟောက်ပြလိုက်မှခေါင်းလေးပြန်၀တ်သွားတော့သည်။

"ကျားရုက အဲ့လိုပဲဗျာ။ ကျွန်တော့်ကိုမြင်ရင်ကျွန်တော့်နောက်ပဲလိုက်ချင်နေတော့တာ ဟားဟား"

's Property (One Shot)Where stories live. Discover now