Jeonဧကရာဇ်နိုင်ငံရဲ့ဘုရင် ကြီးသည် စာချွှန်လွှာကိုဖတ်ရ်ျ လက်တွေပင်တုန်က ဒေါသအလွန်ထွက်နေလေသည်
"ဒါ ..ဒါ ဘယ်လိုရိုင်းစိုင်းတဲ့ အ ပြုမူလဲ ငါ့တို့လိုတိုင်း ပြည် ကြီးကိုများ စစ်ချီရင်ချီပေါ့ မကြောက်ပါဖူးတဲ့ ငါရဲ့ချောမောထက် မြတ်လှတဲ့သားတော်ကို လည်း ကိုယ်တိုင် လာတောင်းပါဆိုပီးပြောတယ် သံတမန်ကိုလည်းသတ်ပစ်ပီးခေါင်းကို ထည့်ပေးလိုက်တာ ခွင့်လွှတ်စရာလုံးဝ မကောင်းဖူး"
"အမတ်ချုပ် ကြီး"
"မှန်ပါ့ မင်း ကြီး"
"Min တိုင်း ပြည်ကို စစ်ချီဖို့အသင့် ပြင်"
"ခမည်းတော် နေပါဦး စဉ်းစားတော်မူပါဦး"
"ဘာ ဖြစ်လို့လဲသားတော် ဒီလောက်ရိုင်း ပြနေတဲ့မင်းသားက ခမည်းတော်တို့ကဆုံးမပေးရမှာပေါ့"
"ခမည်းတော်သိပါတယ် Minတိုင်း ပြည်ရဲ့မင်းသားက ညဏ်ပညာ ကြွယ်ဝပီးထက် မြတ်တယ်ဆိုတာကို သူတို့တိုင်း ပြည်က စစ်ဗျူဟာ ကြွယ်ဝ ပီး အားကိုးရတဲ့ စစ်သူ ကြီး Jinလည်းရှိတယ်လေ နှစ်နိုင်ငံစစ်ဖြစ်တာက အကျိုးလုံးဝမရှိနိုင်ပါဖူး ခမည်းတော်"
"အင်း ဟုတ်ပေတယ်သားတော် သားတော်က ဘယ်လိုဆန်ဒရှိလဲပြောပါ"
"Minတိုင်း ပြည်ရဲ့အိမ်ရှေ့စံမင်းသားပြောသလိုမျိုးပဲ သားတော် သူ့ကိုသွားတောင်းရမ်းပီး နှစ်နိုင်ငံ မိတ်ဖွဲ့ခဲ့ပါမယ် ခမည်းတော် ဒီလိုလုပ်လိုက်ခြင်းအား ဖြင့် နှစ်နိုင်ငံ အကျိုးရှိစေပါတယ် အထူးသ ဖြင့် သားတော်တို့နိုင်ငံက ပိုအင်အား ကြီးလာနိုင်ပါတယ်ခမည်းတော်"
"ကောင်းလေစွ ကောင်းလေစွ ငါ့သားတော်လေးက သိပ်ထက် မြက်တော်မူပေတယ် "
"ခမည်းတော်ရဲ့သားတော်မို့ပါ"
"ဟားဟားဟား ဟုတ်ပါပီ သားတော် ဘယ်နေ့သွားမလဲ "
"ဒီညနေပဲ စထွက်မယ် ခမည်းတော် ဟိုကို မနက် ဖြန်လောက်ရောက်အောင်လို့"
"မြန်လှချည်လားသားတော်ရဲ့"
"မြန် မြန်ဆန်ဆန်လုပ်တာအကောင်းဆုံးပါခမည်းတော် ဒီလို့ အကြောင်းအရာက အချိန်ဆွဲဖို့မသင့်တော် ကြောင်းပါ ခမည်းတော်"
