𝙿𝚊𝚛𝚝-4||final||

260 38 18
                                    

အဝါရောင်
ဟုတ်တယ် သူအခုတောင်ကုန်းလေးပေါ်က အဝါရောင်ကွင်းပြင်
နေကြာပန်းခင်းကြီးရှေ့မှာရောက်နေခြင်းဖြစ်သည်။
သွားစရာနေရာရှိသေးတယ်ဆိုတာ ဒီပန်းခင်းကြီးပေါ့

ရှေ့တည့်တည့်၌မျင်နှာချင်းဆိုင်ဖြစ်ကာ ‌အိမ်ပြန်ပြီဖြစ်သော
နေမင်းကြီး၏ လိမ္မော်နီရောင် အလင်းများနှင့်
ပန်းခင်းကြီးထဲသို့ ပြေးသွားသောကောင်လေးတစ်ယောက်‌ရဲ့
နောက်ကျာပြင်
ခြောက်သွေ့နေသော နေကြာပန်းအချို့
ဖြတ်ပြေးနေသော စိမ်းသက်သက်လေပြေများ
ဝမ်းနည်း‌စရာဇာတ်ကွက်တစ်ခုကို ပုံဖော်ထားသလိုပင်

လေကိုအဝဆုံးရှိုက်သွင်းလိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကို
ချလိုက်ပြီးမှ စိတ်အနည်းငယ်ပြေသွားဟန်
ပန်းခင်းထဲသို့ လိုက်သွားလိုက်သည်။

ဦးတည်းရာမရှိတစ်စုံတစ်ခုအားငေးမောနေသော
နောက်ကျောပြင်အား သိမ်းကျုံးကာဖက်လိုက်သည်။

"ချစ်တယ်..."

တိတ်ဆိတ်သောအသံဖြင့်သာ ခဏတာ နေမင်းကြီးကိုငေးမောကြည့်နေကြသည်။
အကြောင်းပြချက်မရှိဘဲပေါ့

"နေဝင်သွားပြီဆို ဘာဖြစ်မှာလဲသိလား"

"......."

"ကျွန်တော်ဆိုတာပျောက်ကွယ်သွားတော့မှာလေ"

"ဟင်...
ဘာတွေပြောနေတာလဲ
မနက်ဖြန်မှပျောက်ကွယ်သွားမှာမဟုတ်ဘူးလား"

ပတ် သူ့အကြောင်းသိတာကို မအံ့ဩနေတော့ပါ။

"ဟိုမှာကြည့် ကျွန်တော်တို့အိမ်"

တောင်ကုန်းပေါ်ကနေ အရှေ့ဘက်စွန်းစွန်းအားလက်ညိုးထိုးကာ
ပြောလိုက်သည်။

"ကျွန်တော့်ကိုလွမ်းနေကြမယ်နဲ့တူတယ် သနားမိတယ်အဖေကိုရော
ဂျိမ်းကိုရော လွမ်းပြီးကျန်နေခဲ့မယ့်လူတွေကိုပေါ့"

သိလားကျွန်တော်အမှောင်ကိုမကြိုက်ဘူး
နေမင်းကြီးဝင်သွားရင် မှောင်သွားမှာ
အရာအားလုံးကပေါ့

သိလား လူတစ်ယောက်ကသေခါနီးကျရင်
တစ်ဘဝလုံးရဲ့ back flash‌တွေကို တစ်ခုချင်းဝေဝေဝါးဝါး
မြင်ရတယ်တဲ့

A moment of love [윤민]Where stories live. Discover now