part15🤒

1.3K 62 4
                                    

   ရိပေါ် သိပ်ကိုလွမ်းနေမိပါသည်.....

သူချစ်ရတဲ့လူသားလေး သူ့အနားမှာ ရှိမနေတော့တာ အတော်ကြာခဲ့ပြီ။ လွမ်းရပါတယ် ချစ်ရသူရယ်....

°°°°°°°°°°°°°°°°°°°°°°°°°

လွန်ခဲ့သော သုံးနှစ်ကျော်ခန့် ! ! !

       ရိပေါ် အိမ်နဲ့အဆက်သွယ်ဖြတ်ပြီး နေလာခဲ့တာ နှစ်လပြည့်တဲ့နေ့..

ဒီနေ့မှ ရိပေါ် ဗိုက်ဆာလို့ တစ်ခုခုစားရန် ရေခဲသေတ္တာဖွင့်ကြည့်လေတော့ ဟာလာဟင်းလင်းပြင်ကြီးက ကြိုဆိုနေသည်။

စရောက်ကတည်းက အရက်များသာ တစ်နေကုန်သောက်နေတက်ပြီး မူးလာလျှင် အိပ်လိုက်၊ နိုးရင် အရက်ထပ်သောက်လိုက်နှင့်သာ နှစ်လလုံးနေခဲ့သည်။

အစာကိုတော့ တစ်ခါတစ်ရံမှ ခေါက်ဆွဲပြုတ်သောက်တက်တယ်။
တစ်ပတ်တစ်ခါ ဟောက်ရွှမ်းတို့ လာတော့မှသာ အစားကောင်းလေး ဝယ်လာတက်သောကြောင့်၊
ထိုအခါမှသာ အစာကို ကောင်းကောင်းမွန်မွန် စားတက်သည်။

ဒီနေ့တွင်တော့ အခန်းအောင်းနေလို့ မဖြစ်တော့ပေ။

အရက်ကလဲ လက်ကျန်လေးသာ ရှိတော့တယ်။
ဝမ်းအတွက်ကလဲ ဘာမှမရှိလေတော့ အပြင်ထွက်ဝယ်ရန်သာ ဆုံးဖြတ်လိုက်သည်။

ရိပေါ် နေနေသည်က အတော်ဂျောင်ကျသော နေရာဖြစ်ကြောင့် နာရီဝက်လောက် လမ်းလျှောက်မှသာ အသေးစား စားသောက်ဆိုင်လေးတစ်ဆိုင် တွေ့ရတယ်။

နှစ်လလောက် အခန်းအောင်း၍ အရက်သာအသောက်များခဲ့ပြီး အစာသိပ်မရှိလေတော့ လူကအတော်ပြိုင်းနေပါပြီ။

ရိပေါ်လဲ ဆိုင်ထဲဝင်၍ လိုအပ်သည်များကိုမှာပြီး ၊
နေရာတွင်ထိုင်စောင့်နေစဥ် နောက်ကျောဘက်မှ--

    " ဝမ်...ဝမ်လေးလား
ဟုတ်တယ် ဝမ်လေးပါနော် "

အနောက်မှထွက်ပေါ်လာသော အသံကြောင့် ရိပေါ်စိတ်ထဲ

* ပါး... ပါးများလား *

သို့သော် သူလှည့်မကြည့်ရဲ။ ပါးနှင့်အတူ တစ်စုံတစ်ယောက်ကများ အတူပါလာလေမလား။

ရိပေါ် ကြောင်အနေစဥ် ဝမ်ပါးက ရိပေါ်အားဆွဲလှည့်ပြီး

" ဝမ်လေး ဟုတ်နေတာပဲ
ဝမ်းသာလိုက်တာ သားရယ်
ဘယ်တွေများရောက်နေရတာလဲ
ပါးတို့ကလေ အရမ်းသတိရနေတာ "

ပြောပြီး ရိပေါ်အား ဖက်လိုက်သည်။

   "ချောင်ကျသွားလိုက်တာ...
နေရောကောင်းရဲ့လား
သားအခု ဘယ်မှာ နေနေတာလဲ
ဘာတွေလုပ်နေလဲ
ပါးတို့နဲ့ပြန်လိုက်ခဲ့နော် ဝမ်လေး "

" ကျွန်တော် ဘာကိုအရင်ဖြေရမလဲ မသိဘူး
ဒါမဲ့တစ်ခုပဲ ကျွန်တော် ပါးတို့နဲ့ပြန်မလိုက်နိုင်ဘူး "

     " ပါး တောင်းပန်ပါတယ် သားရယ်
ပြန်လိုက်ခဲ့ပါနော် "

"......."

    " ဝမ်...ဝမ်လေးရယ် "

" ပြောစရာမရှိတော့ရင် ခွင့်ပြုပါအုံး "

ပြောပြီး ရိပေါ်လှည့်ထွက်မည်အလုပ် ဝမ်ပါးကလက်အား လှမ်းဆွဲပြီး

" ပြန်လိုက်ခဲ့ပါနော်... "

    " ကျွန်တော် အဆင်ပြေနေတာမို့ လွှတ်ထားပေးလို့ မရဘူးလား "

" ရှောင်းကျန့် မရှိတော့ဘူး၊ ဝမ်လေး "

    " ဟင်... "

------------🌼--------------

11/12/2021
8:01PM


တွဲလက်တွေမြဲပါရစေ(completed)Tempat cerita menjadi hidup. Temukan sekarang