Part-12

1.2K 236 82
                                    

အခန်း-၁၂

(အိုကေ လူပြည့်သွားလို့ တင်ပါမယ်နော်။ အခါတိုင်းလိုပါပဲ။ အယောက်(၄၀)က ကြိုက်တယ်လို့ ပြောရင် အသစ်ထပ်လာပါမယ်နော်။ အယောက်(၄၀) ဆိုတာ မများဘူးလို့ ထင်ပါတယ်။ မပြည့်သေးရင် ကိုယ်စောင့်မယ်နော်)

ဦးစစ်က သတိုးမင်းခါးကို ဘာနဲ့အလဲအလှယ် လိုက်လို့ ဒီလိုမျိုး ကျွန်တော့်နောက်ကို လိုက်ပါလာဖို့ ဖြစ်လာရတယ်ဆိုတာကို ကျွန်တော် တကယ်နားလည်ဖို့ လိုနေတယ်။

တကယ်ဆို ဦးစစ်က ကျွန်တော့်ကို ပန်းသည်နဲ့ မတွေ့ခိုင်းသင့်ဘူး။ သတိုးမင်းခါးနဲ့ တွေ့ခိုင်းသင့်တာ။ သူများတကာ လိုတယ် ဆိုတာက ဆယ်ပြားလောက်လျော့တာ သတိုးမင်းခါးက ငါးဆယ်လောက် လျော့နေတာမျိုး။

သတိုးမင်းခါးရဲ့အလုပ်က လုပ်ကြံရေးသမားဖြစ်တယ်။ သတိုးမင်းခါးကို ကျွန်တော်တို့ အဖွဲ့ထဲမှာ ထည့်တွက်လို့ မရဘူး။ ဒါပေမဲ့ ထည့်တွက်လို့လည်း ရတယ်။ ဦးစစ်နဲ့ သတိုးမင်းခါးက ကျောင်းနေဘက်တွေ။ သူက လူတစ်မျိုး..၊ ဘယ်လို လူလဲ ဆိုတော့ သေလောက်အောင် အန္တရာယ်များတဲ့လူမျိုးပဲ။

သူက ပြဿနာမရှာဘဲ ငြိမ်နေလေ့ ရှိတယ်။ ဒါပေမဲ့ သူ ပြဿနာရှာပြီ ဆိုရင်လည်း နေစရာမရှိအောင် ရှာတာမျိုး။ ဥပမာ ကျားထိုးပြိုင်တယ် ဆိုပါစို့။ သူက တစ်ဖက်လူကို မနိုင်ဘူးထား။ မရွေ့ရင် မရွေ့ဘူး။ ရွေ့ရင်လည်း ကျားစေ့တွေ အပျောက်ပဲ။ ဘယ်ရောက်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ အဲလိုမျိုး။

ဒါမှ မဟုတ်သေးရင် နောက်တစ်နည်း ရှိသေးတယ်။ ကျားခုံပါ ပျောက်သွားတာမျိုးပေါ့။ ကုလားမနိုင်ရခိုင်မဲတာလားလို့ ပြောဖို့ ရှိပေမဲ့ သူက ကုလားမနိုင်ရင် ကုလားအဖေကို ပတ််မဲတာမျိုးပါ။ ကုလားတော့ သေချာပေါက် ကုလားအဖေက ရိုက်တာခံရမှာပေါ့။ အဲဒီလိုလူမျိုးလူ..။

နောင်တ အသက်ဆယ်နှစ်နှစ်တုန်းက သတိုးမင်းခါးမှာ ကိစ္စတစ်ခု ရှိခဲ့ဖူးတယ်။ သူက ဝန်ကြီးကို ပစ်သတ်လိုက်တာ။ ဝန်ကြီးကို ပစ်သတ်လိုက်ဖို့အတွက် သူဘာရသလဲ ဆိုတော့ ငါးဆယ်တန်နှစ်ရွက်..။ ဦးစစ်မှာ သတိုးမင်းခါးကို လွှတ်အောင် ကြိုးစားပေးလိုက်ရပြီးတော့ တန်ကြေးတစ်ဝက်ဆိုပြီး ပေးလာတဲ့ ငါးဆယ်တန်ကြောင့် စားပွဲတစ်လုံးကို ရိုက်ချိုးပစ်လိုက်သေးတာ။

မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာWhere stories live. Discover now