အပိုင်း 1 🍒

266 7 0
                                    


"မောင်  ထတော့လေ အလုပ်သွားဖို့ နောက်ကျနေပြီ"

"ခဏလေးပါ သက်တံ့ ရယ် မောင်အိပ်ချင်သေးတယ်"

" ထတော့ကွာ မောင်က လိမ္မာပါတယ် မွ ထတော့နော်"

"ဟူး......အေးပါကွာ မောင်ထပြီ ရပြီ အသက်လေး "

"မောင်ကချစ်ဖို့ ကောင်းလိုက်တာ"

မောင့်ကို နှိုးပြီး တာနဲ့ သက်တံ့မောင် တစ်ရောက် အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်
မောင်နဲ့ကျွန်တော့က လပ်ထပ်ထားတာတော့မဟုပ်ပါဘူး
ဘာလို့ လဲဆိုတော့ မြန်မာနိုင်ငံ မှာက ခွင့်မပြုသေးဘူးလေ
တော်ကြာ လင်မယူရသေးခင် နန်းဆန် သွားမှ ဒိုးခ
မောင်တို့ အသိုင်းအဝိုင်းက ကြီးတော့ ပိုဆိုးတာပေါ့ဗျာ
မိသားစုတွေဆွေမျိုးတွေ လက်မခံ မွာ ကြောက်တာလဲ
ပါတာပေါ့ အဲတော့ ဘယ်သူ့ ကိုမှ ပေးမသိနေတော့ပါဘူး
ကျွန်တော်တို့ နှစ်ယောက် ချစ်တာ နှစ်ယောက်ထဲ သိရင်ရပြီလေ
ကျန်တာတွေ မလိုပါဘူး ကျွန်တော့အတွက်က မောင်ကျွန်တော့ကို ချစ်နေရင်ရပြီ

ကျွန်တော်ကတော့ သက်တံမောင် ပါ ကျွန်တော်က တစ်ကောင်ကြွက်
မိဘ ဆွေ မျိုး မရှိတဲ့သူဆိုတော့ လွတ်လပ်တာပေါ့ ကိုယ်စိတ်ကြိုက် ဆုံးဖြတ်လို့ ရတယ်လေ
ပတ်ဝန်းကျင်ကိုတော့ ထည့်ပြောမနေတော့ဘူး သူတို့လုပ်စာကိုယ်စားနေတာမှမဟုပ်တာလေ
ကျွန်တော့ ဘဝက မောင်နဲ့ စိုပြေလာတာ အဓိပ္ပါယ်ပိုရှိလာတယ်
ဆိုပါတော့
မောင်က ကျွန်တော့ကိုသိပ်ချစ်တာ မျက်နှာငြိုးအောင်
စိတ်အားငယ်အောင် ဘယ်တော့မှ မလုပ်ဘူး
အမြဲရှေ့ကနေကာကွယ်ပေးတယ် မောင်ကကျွန်တော့ရဲ့
စူပါဟီးရိုးကြီးလေ

သက်တံ့ တစ်ယောက် မောင့်အကြောင်းတွေးရင်း မနက်စာပြင်က
မောင်အလာကိုစောင့်နေလိုက်တယ်
မောင့်အကြောင်းတွေးရင်းငေးရင်းနဲ့ပဲ လှေကားမှ ဆင်းလာတဲ့မောင့်ကို ကြည့်နေမိတယ်
မောင်ကသိပ်ချောတာပဲ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့
ဆံပင်ကို ဂျယ်လူးပြီးအပေါ်ကိုလှန်တင်ထားတဲ့မောင့်ပုံစံက
သိပ်ကိုခန်ညားလွန်းတယ် သွယ်လျှတဲ့နှာတံ စူးရှတဲ့ မျက်လုံး မွှေးညှင်းတစ်ပင်စီတိုင်းကစိမ်းစိုလှပတဲ့ မျက်ခုံးထူထူလေးရှိတဲ့ မောင့်မျက်နှာကအပြစ် ပြောစရာမရှိလောက်အောင် ဆွဲဆောင်မှု့ ရှိလှတယ်
မရယ်မပြုံးတဲ့ မောင့်နှုတ်ခမ်းသား ပါးပါး ကကျွန်တော့်အပိုင်ပေါ့

မောင် (myanmar ) Uni / ZG(ရပ်နား)Where stories live. Discover now