Recommended songs
Waiting for U by YYA
ကဲ baby တို့ ကွဲဖို့အဆင်သင့်ပဲလား???
Let's Go girls!!!▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ခန္ဓာကိုယ်တစ်ခုလုံးက တောင့်ခဲနေပြီး ဘာဆက်လုပ်ရမလဲမသိခဲ့။ အသက်ရှူနေတယ်ဆိုတဲ့အသိပါမေ့သွားခဲ့ပြီး ကြားခဲ့တာတွေက သူ့ရဲ့စိတ်ထဲမှာ ပြည့်သိပ်နေပြီး အဲ့ဒီတစ်ခဏလေးမှာမှာ အရာအားလုံးက ရပ်တန့်နေသလိုခံစားနေရတယ်။
တစ်ခဏအတွင်းမှာတင် လှိုက်တက်လာတဲ့ ဝမ်းနည်းမှုတွေ။ သူနားလည်လိုက်ပြီ။ ကိုကိုက သူ့ကိုမချစ်ဘူးပဲ။ အဆုံးထိကိုလေ....။
ကိုကို့ကို ကြည့်လိုက်တော့ သူနဲ့မျက်လုံးချင်းဆုံလိုက်တဲ့အချိန်မှာ စိတ်ရှုပ်ထွေးစွာနဲ့ ဆံပင်တွေကို လက်နဲ့ အရှိန်ပြင်းပြင်းဆွဲဖွရင်း တစ်ဖက်ကိုလှည့်သွားတယ်။
ရုတ်ချည်းတက်လာတဲ့ သိမ်ငယ်မှုတွေ.....။ ကိုကိုက နည်းနည်းလေးတောင် သူ့အပေါ် စိတ်ဝင်စားမှုမရှိခဲ့ဘူးလား....။
ဒါဆို....အတူနေတိုင်း ညီးတတ်တဲ့ "ငယ်" ဆိုတဲ့ နာမ်စားက သူ့ကိုမဟုတ်ပဲ....။ ရှက်လိုက်တာ...ရှက်ဖို့ကောင်းလိုက်တာ။
မျက်လုံးလေးပြူးကာဖြင့် ဟိုကိုတစ်လှည့် ဒီကိုတစ်လှည့်ကြည့်နေတဲ့ ရိပေါ်ကိုမြင်တော့ ဟောက်ရွှမ်းဒေါသတွေကို အထိန်းကွပ်မဲ့စွာ။ ကျိရန်ကတော့ မျက်နှာပူသည့်အလား အားနာတဲ့မျက်လုံးတွေနဲ့...။
"ခွေးလိုကောင်...."
"ဟောက်ရွှမ်းတော်တော့လို့!!!"
"မောင့်ကိုလွှတ်အချစ်!!! ဒီကောင်!!ဒီကောင် ရိပေါ်ကို ဘာလုပ်ခဲ့လဲ မင်းသိလား!! အချစ်လည်းသိတယ်မလားလို့!!!"
"အဲ့ဒီတစ်ညကလွဲရင် ငါဝမ်ရိပေါ်ကို သူ့အလိုမပါပဲ ကျူးလွန်ခဲ့တာမျိုးမရှိဘူး"