ရစ်တိုးထရော့တိုင်းပြည်မှာ လူပြောများသည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့ဖူးတယ်၊ဇာတ်လမ်းလေးဟာ ဘာကြောင့်ထင်ရှားခဲ့ရလည်းဆိုတော့ အမတ်ကြီးနဲ့သာမန်အိမ်စေလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တာကြောင့် ထိုတိုင်းပြည်မှာ အတော်ကို ရေပန်းစားခဲ့သည်၊
ဇာတ်လမ်းလေးရဲ့အစက ဒီလိုစတယ်ဗျ...။
် ဆိုရက်စ်မက်ဂါဆိုသည့် စစ်အမတ်ချုပ်ကြီးအိမ်ဟာ တစ်နှစ်ကို တစ်ခါ အစေခံများကို ခေါ်ဆောင်ပြီး အမျိုးသမီးအစေခံများသာ လက်ခံသည့်အိမ်တော်ဖြစ်တာကြောင့် ရစ်တိုထရော့တိုင်းပြည်ထဲတွင် လူတိုင်း မေးငေါ့စရာနေရာတစ်ခုဖြစ်နေတော့သည်၊
လမ်းကြားထဲရှိ တစ်နေရာတွင် ကောင်မလေးနှစ်ယောက် တူတူရပ်နေကာ တစ်ယောက်ဟာ အစေခံဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်တစ်ယောက်ကတော့ သာမန်အမျိုးသမီးငယ်လေးတွေဝတ်သည့် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်၊
"အန်း နင်သေချာရဲ့လား..." လို့ အစေခံဝတ်ရုံဝတ်ဆင်ထားသည့် မိန်းကလေးကပြောလာတော့ သူမနဲ့မျက်နှာချင်းဆိုင်မှာရပ်နေသည့် မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပျားရည်ရောင်ဆံပင်အရောင်ပိုင်ဆိုင်ထားသည့်မိန်းကလေးဟာ
"သေချာတယ်... စစ်အမတ်ချုပ်အိမ်တော်ကသာ ငါ့အတွက် လုံခြုံဆုံးပဲ နီနာ"
"ရူးနေလား အန်း!! နင်က ယောကျာ်းလေးလေ တကယ်လို့ အမတ်ကြီးကသာ နင်ယောကျာ်းလေးမှန်း သိသွားခဲ့ရင်!! ဘာဆက်ဖြစ်မလဲ သိရဲ့လား" လို့ နီနာဟာ အော်ဟစ်ပြောလိုက်ချင်ပေမယ့် တခြားသူတွေ ကြားသွားမည် စိုးရိမ်တာကြောင့် အံကြိတ်စွာ အသံတိုးတိုးနဲ့ပြောလိုက်တော့ အန်းဟာ ခပ်တိုးတိုးလေး ရယ်လာတော့သည်၊
"ငါ အဲ့လူတွေလက်ထဲမှာ ပြန်အသေခံမဲ့အစား အမတ်ကြီးသတ်တာပဲ ခံလိုက်တော့မယ် နီနာ... ဒါကြောင့် ငါ့ကို မတားဆီးပါနဲ့တော့"လို့ အန်းဟာ သူမရဲ့လက်တွေကို ကိုင်ကာ အားကိုးတကြီးပြောလာရှာတော့သည်၊နီနာဟာ သက်ပြင်းချကာ ခေါင်းညိတ်လက်ခံမိလိုက်တော့သည်၊
အန်းရဲ့အတိတ်ကအကြောင်းအရာတွေကို သူမသာအသိဆုံးမလား၊ ဧကရာဇ်ရဲ့ညာလက်ရုံးအကြံပေးအမတ်ကြီးရဲ့ အငယ်ဆုံးသားလေးဖြစ်ပြီး ငယ်ငယ်ထဲက ရောဂါချူချာခဲ့တာကြောင့် အပြင်လောကဆိုတာကို မထိတွေ့ခဲ့ရသည့် လူငယ်လေးတစ်ယောက်၊မိခင်သေဆုံးပြီးနောက်မှာ တခြားမောင်နှမတွေရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရသည့်လူငယ်လေးဖြစ်ပြီး သာမန်အမျိုးသားတွေထက် ပိုမိုအကောင်သေးသည့်အပြင် မိန်းမလှလေးလို လှပသည့် အန်းနိုရာရဲ့မျက်နှာကြောင့် ဖခင်ရဲ့ပစ်ပယ်မှုကိုလည်း ခံခဲ့ရသူလည်းဖြစ်သည်၊ တစ်နေ့မှာ တောင်ပိုင်းနယ်မြေကို အုပ်ချုပ်သည့်ဘုရင်ခံဟာ ပညာရှိအမတ်ကြီးရဲ့သမီးတစ်ယောက်ကို ဧကရာဇ်ထံ တင်တောင်းလာတာကြောင့် အမိန့်တော်ကို မလွန်ဆန်နိုင်ပေမယ့် ပညာရှိအမတ်ကြီးဟာ သူချစ်ရသည့်သမီးငယ်နှစ်ယောက်ကို ထိုဆိုးဝါးရက်စက်သည့် ဘုရင်ခံနဲ့မထိမ်းမြောင်းပေးချင်တာကြောင့် သူပစ်ပယ်ထားသည့်အငယ်ဆုံးသားကို တောင်ပိုင်းနယ်မြေကို အမျိုးသမီးတစ်ယောက်လို ဆင်ယင်ကာ ပို့လိုက်ခြင်းဖြစ်သည်၊ဒါပေမယ့် အန်းနိုရာမိခင်ရဲ့သစ္စာရှိသည့် အထိန်းတော်ကြီးနဲ့စစ်သူရဲကောင်းအချို့ကြောင့် အန်းနိုရာဟာ လွတ်မြောက်ထွက်ပြေးလာနိုင်ခဲ့သည်၊ထိုနောက် ခြေဦးတည့်ရာလျှောက်သွားရင်း နီနာနဲ့စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်၊