ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၂၉)
“ဘာမှန်းမသိရသေးတဲ့ စမ်းသပ်ကိုယ်တစ်ခုဆုံးရှုံးတာက ငါ့အတွက်တော့ အရေးမပါဘူး ဒါပေမယ့် အနာဂတ်ရဲ့ဆင့်ခေါ်ဝိဇ္ဇာတစ်ယောက်ကို ဆုံးရှုံးရမယ်ဆိုရင်တော့ မင်းကိုငါသတ်ရမှာပဲ”လို့ အိုးယန်ဟွမ်းယူက တစ်ချက်ကြည့်၍ အေးစက်စက်ဖြင့် ပြောလိုက်သည်။
အိုးယန်ဟွမ်းယူရဲ့လေသံမှာပါဝင်နေတဲ့ အေးစက်သောလူသတ်ငွေ့တို့ဟာ သူတို့တစ်ခါမှကို မကြုံဖူးမတွေ့ဖူးလောက်အောင် များပြားနေခဲ့သည်။အခုလိုကြောက်စရာလေသံက ကြင်နာလှသောမျက်နာနှင့် လုံးဝကိုမလိုက်မဖက်ဖြစ်နေသည်။
“...မင်းအတည်ကြီးပြောနေတာလား ရှန်ယန်ရှောင်က ဆင့်ခေါ်ဝိဇ္ဇာဖြစ်လာမယ်လို့ မင်းက ဘာကြောင့်ပြောနိုင်ရတာလဲ လင်းလက်တိုက်မှာ ဆင့်ခေါ်သူတွေမတိမ်မြုပ်ခင်ကတောင် ဆင့်ခေါ်ဝိဇ္ဇာအဆင့်ကိုရောက်တဲ့သူက သုံးယောက်ပဲရှိတာနော် ဒီကလေးရဲ့ အရည်အသွေးက ငါတို့နဲ့ယှဉ်လို့ရတယ်လို့ မင်းထင်နေတာလား”လို့ကျွင်းမိုက နှာခေါင်းရှုံ့ကာပြောသည်။
“အသက်ဆယ့်သုံးနှစ်ခွဲမှာ အကြီးတန်းအဆင့်ဆင့်ခေါ်သူဖြစ်နေပြီ။ကောင်မလေးရဲ့ အရည်အသွေးက မင်းထက်အများကြီးသာတယ်။ဒီတော့ သူမ ဆင့်ခေါ်ဝိဇ္ဇာ ဖြစ်နိုင်တာကို ငါဘာကြောင့်မယုံရမှာလဲ”ဟူ၍ အိုးယန်ဟွမ်းယူကပြောသည်။
“ဆယ့်သုံးနှစ်အရွယ်နဲ့ အကြီးတန်းဆင့်ခေါ်သူဖြစ်နေပြီလား”လို့ပြောလိုက်သော ကျွင်းမိုမျက်နှာက တစ်မဟုတ်ချင်းပဲ ဖြူရော်သွားခဲ့သည်။
ဆင့်ခေါ်သူအတတ်ဟာ တစ်ခြားအတတ်တွေပညာရပ်တွေထက် သာလွန်ထူးကဲစွာခက်ခဲပြီး ဆင့်ခေါ်ဝိဇ္ဇာတစ်ယောက်ရဲ့အစွမ်းဟာဆိုလျှင်ဖြင့် တစ်ခြားပညာရပ်တို့၏ မိမိနှင့်အဆင့်တူ ပညာရှင်များစွာကို တစ်ပြိုင်နက်တိုက်ခိုက်ယှဉ်ပြိုင်ချေဖျက်နိုင်စွမ်းရှိသည်။
ရှန်ယန်ရှောင်က အသက်ဆယ့်သုံးနှစ်အရွယ်မှာ အကြီးတန်းဆင့်ခေါ်သူအဆင့်ကို ရောက်ခဲ့ပြီဖြစ်ကာ အခုမှဆယ့်လေးနှစ်ထဲရောက်ကာစပဲ ရှိပါသေးသည်။နှစ်ဆယ့်သုံးနှစ်မှာ အကြီးတန်းဆင့်ခေါ်သူအဆင့်ကိုရောက်ခဲ့တဲ့ သူ့အဖြစ်ကတင် ရှားပါးတဲ့အဖြစ်တစ်ခုပါ။
YOU ARE READING
ကောင်းကျိုးမပေးသော သမီးပျို Part 4 ကောင်းကျိုးမပေးသော သမီးပျို Part 4
Fantasyရှန်ယန်ရှောင် Part 4 ရှန်ယန်ရှောင် Part 4