025

6.5K 374 84
                                    

' Xiao Taddyဆိုတာ ငါပဲ ...မင်းအမွေတွေအတွက်သူ့ကို လက်ထ ပ်ခဲ့တာမဟုတ်လား? ကွာရှင်းလိုက် !ငါ မင်းရမယ့်ပမာဏထက်ပိုပေးမယ် '

' ရှောင်းက ငါ့ကိုကိုပဲ ၊ငါကိုကိုလို့ခေါ်တိုင်းသူသိပ်သဘောကျတာ မင်းအမေက ကိုကို့အဖေနဲ့ လက်ထပ်လိုက်ထဲက မင်းက သူ့ကိုစွန့်ပြစ်ခဲ့ပြီးသား ၀မ်ရိပေါ်! ကိုကို့ကို မင်းကစွန့်ပြစ်ခဲ့တာ ခုဘာ‌တွေ မျှော်လင့်ချင်သေးတာလဲ?'

' ငါနဲ့သူကUS မှာ လေးနှစ်လောက်အတူနေလာခဲ့တာ တရား၀င်လက်မထပ်တာက လွဲရင် ရှောင်းကငါ့ယောက်ျား ငါ့အပိုင်ပဲ။ မင်းထွက်သွား ၀မ်ရိပေါ် !!'

' ကိုကိုက ကလေးချစ်တာငါသိတယ် ငါသူ့အတွက် ကလေး‌မွေးပေးနိုင်တယ်!ဒီမှာတွေ့လား ငါကိုယ်၀န်ဆောင်နိုင်တယ်လို့ပြထားတဲ့ ဆေးရုံက ဆေးစစ်ချက်တွေ !'

' ရှောင်းရဲ့အမွေဆက်ခံသူကို မင်းမပေးနိုင်ဘူး ဒါပေမယ့်ငါပေးနိုင်တယ် !အဲ့တစ်ချက်နဲ့တင် မင်းထွက်သွားသင့်ပြီ!'

' ငါ ရှောင်း အတွက် ကလေးမွေးပေးနိုင်တယ် !မင်းထွက်သွားလိုက် !! '

"ဟင့်အင်း !ထွက်မသွားပေးနိုင်ဘူး "

" ဟင့် ! အင့် !"

" ဘာဖြစ်တာလဲ?၀မ်ရိပေါ် ! အိမ်မက်ဆိုးမက်တာလား? မငိုရဘူး!"

ရှောင်းကပုခုံးကိုအတင်းလှုပ်နှိုးတာမို့ ရိပေါ်အိမ်မက်ဆိုးမှ လန့်နိုးလာသည်။
ဘေးမှာတော့ အိပ်မှုံစုံမွှားနဲ့ရှောင်းက မျက်မှောင်ကြီးကြုပ်လို့ ရိပေါ်ကိုအုပ်မိုးထားရင်းမေးလာသည်။

" ဘာဖြစ်တာလဲ? ဘာတွေအိမ်မက် မက်လို့ ငိုရတာလဲ? ရော့ !ရေသောက်လိုက်အုံး စိတ်သက်သာရအောင် !"

ရှောင်းက ရိပေါ်ကိုဆွဲထူပြီးရေတစ်ခွက် ကမ်းပေးလာသည်။
ပြီးတာနဲ့ နဖူးက ချွေးတွေကို သုတ်ပေးလာသည်။

ရေ‌နည်းနည်းသောက်လိုက်တာမို့ရင်ပူသက်သာသွားပေမယ့် အိမ်မက်ထဲကမြင်ကွင်းကပြန်ပေါ်လာသည်။

ယန်ချူးမင်က ရိပေါ်ကိုဆိုင်တစ်ဆိုင်မှာချိန်းပြီး အဲ့အတိုင်းပြောခဲ့တာဖြစ်သည်...

One Step To You___{Completed}Where stories live. Discover now