အပိုင်း တစ်

1 0 0
                                    

ဒီနေ့ကျွန်တော်တို့မိသားစု ‌မေတ္တာမိဘမဲ့ဂေဟာ  ကိုသွားဖို့ အကုန်လုံးက ပြင်ဆင်နေကြတယ် ဒါကကျွန်တော်အတွက်တော့ ထူးဆန်းနေသည်မဟုတ်  ဆရာ၀န်တွေဖြစ်ကြတဲ့  ကျွန်တော့်အဖေ နဲ့အမေနှစ်ယောက်လုံးက ပညာကို ခက်ခက်ခဲခဲ  ရှာခဲ့ရတာမို့ ကလေးလေး ‌တွေနှစ်တိုင်း လိုအပ်တယ့်စာရေးကရိယာတွေကို လှူရင်း ပညာ‌‌ရေးနဲ့ ပတ်သတ်ပြီးတိုင်ပင်ထောက်ပံ့ပေးကြတယ်။

သူတို့ပြောတာက ကျွန်တော်ဘ၀ကပြည့်စုံတာမို့ ဒါတွေကိုနားမလည်တာတဲ့ မရှိတယ့်လူတွေက ခဲတံတစ်ချောင်းဝယ်ဖို့မလွယ်ဘူး  သိပ်လိုချင်ကြတာတယ့် သူတို့ ပြောတာမှန်ပါတယ် ပညာကို အရေးကြီးတာ သိပေမယ့် သင်ချင်တာတွေကို လိုချင်တာတွေကို လွယ်လွယ် ရနေတာမို့ သိပ်အလေးမထားမိပါဘူး သင်ချင်တာ ရှိရင်လည်းသင်တယ်။  သင်ရင်း ပင်ပန်းရင် ဒီအတိုင်း ရပ်လိုက်တယ် ။ အရာရာကလွယ်ကူနေတော့ အရမ်း လိုချင်ပြီတပ်မှတ်မိတာမရှိ။

ဇွဲမရှိဘဲ လက်လျှော့ လွယ်တယ်ဘဲပြောရမှာပေါ့။  အဲ့ကြောင့်အမြဲတမ်း စာသင်ခန်း‌ထဲမှာလဲ စာညံ့တယ့်အထဲမပါသလို စာလည်းမတော်တာနေမှာ ဒါတောင်ဂိုက်ကောင်းကျိုးကြော် ဒီလောက်ရနေတာ ။ 

တွေးရင်းနဲ့ရောက်ပါပြီ မေတ္တာ မိဘမဲ့ဂေဟာ ကျောင်းကြီး ။  ကျောင်းကြီးကသာသာယာယာပါဘဲ  ဘာမှ ထွေထွေ ထူးထူး မရှိတယ့်‌ ကျောင်းကြီးပေါ့  အဲ့‌လိုပြောရင် အရမ်းများ ပေ့သွားမလား ဒါမယ့် ကျွန်တော် ဒီကိုရောက်တိုင်း  အဲ့လိုဘဲ တွေးခဲ့တယ်။ ကျွန်တော် စ‌သိတတ်တယ့် အရွယ် အခု ဆယ်ကျော်သက် ၁၆ အရွယ် ‌ရောက်တယ့်အထိ ဒီအတွေးတွေ
မပြောင်းသွားခဲ့။ ‌

အမေတို့က ဂေဟာက ကျောင်းအုပ်ကြီး နဲ့စကားတွေပြောပြီး ကျောင်းအုပ်ကြီး ဦးဆောင်တယ့်နောက် ကို လိုက်သွားတယ်။အမေတို့နောက်မလိုက်ဘဲ ကျွန်တော်နဲ့ ရင်းနှီးနေပြီးသာ ဒီကျောင်းထဲမှာသာ ပတ်လျှောက်‌နေ
လိုက်တယ်။   အမေတို့နောက်လိုက်ရင်လည်း ပျင်းစရာကြီးကို အဲ့တော့လမ်းလျှောက်တာတောင် အပျင်းနည်းနည်းပြေတယ်ပြောရမလား။

ခေါင်းငုံလျှောက်ရင်း ဟိုကြည့်ဒီကြည့် နဲ့ ပျင်းလာတာတော့ အမှန်ဘဲ ဒါပေမယ့်လည်း မြို့ပြင်ဘက်ရောက်တယ့်ဒီမိဘမဲ့ ကျောင်းကြီးကလူတွေသိပ်မရှိတာ  အေးချမ်းတယ်ပြောရမယ်။ ထွေထွေထူးထူး မရှိတယ့်ကျောင်းကြီးဆိုပေမယ့် လူသိပ်မရှိတယ့် အချက်ကိုတော့ ကျွန်တော်သဘောကျတယ်။ အရမ်းအေးချမ်းတယ်လို့ ခံစားရတာမို့ ။ 

မျက်စိမှိတ် အသက်ဝဝ ရူနေတုန်း ရှင်းသန့်အာကာ ဗိုက်ကို လက်သီးနဲ့စောင့်ထိုးလိုက်သလိုခံစားလိုက်ရပါတယ်။

'အမလေး သေပါပြီ နာလိုက်တာ ဘာတုန်းဟ

တွေ့ပြီ သောက်ကလေး ခေါင်းက အုတ်နဲ့လုပ်ထားတာမို့ အဲ့လောက်နာရလား '

" ဟိတ်ကောင် မင်းလူမမြင်ဘူးလား "

" ဟို.... ဟို.... "

'ဘာလည်းဟ ‌ဒီကလေးစကားများမပြောတတ်ဝာာလား
တဟို ဟိုနဲ့'

ရှင်းသန့်အာကာကို တိုက်မိတယ့်ကလေးကို ငုံ့ ကြည့်လိုက်တော့ သူ့ခမျာ စကားပြောချင်ပေမယ့် လိုရင်းမရောက်နေသလိုဘဲ မျက်နှာကလည်း ငိုတော့မယ့်ရုပ်ပေါက်နေပြီ မသိရင် ရှင်းသန့်‌ကဘဲ သူ့ကိုအနိုင်ကျင့်နေလို ဖြစ်နေတာမို့ ဒီကလေးနဲ့စကားဆက်မပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။

" ထားလိုက်တော့ မင်းလမ်းမင်းလျှောက်တော့ "

သူ့ကိုလှမ်းကြည့်ပီ့း

"ဟုတ် " တစ်ခွန်းထဲဆိုသွားတယ့်ကလေး

အသံကလည်းကတုန်ကယဉ်နဲ့ ဒီကလေး
အဆင်မှပြေရဲ့လား သူ့ကြည့်ရတာ ပြိုတော့မယ့်မိုးလိုဘဲ
ရှင်းသန့်တွေးမိပါတယ်။ မကြားပါဘူး ရှင်းသန့်အတွေးထဲအဲ့ကလေးမရှိတော့ပါဘူး သူက သူများကို ဂရုစိုက်တတ်တယ့်သူမဟုတ်ဘူးလေ။

လမ်းလျှောက်ရတာ တကယ်ပျင်းလာတာမို့ အမေတို့ရှိတယ့်နားကိုသွားရင်း ထပ်တွေ့ပါတယ် အဲ့ကလေးကို
ဒီတခါတော့ ကလေးက ခုနကလို ပြိုတော့မယ့်မိုးလို ငိုမယ့်ရုပ်တော့မပေါက်တော့ပါဘူး။
ဒါ့မယ့် မျက်ဝန်းတွေက အရမ်းကိုခံစားချက်မဲ့လွန်းတယ်။

စိတ်ဝင်စားဖို့ကောင်းတယ့်ကလေးဘဲ

ရှင်းသန့် နှုတ်ခမ်းလေးထောင့်လေးကွေးတက်ရုံပြုံးရင်း

' လိုချင်သွားပြီ မင်းလေးကို။ '

________________

( 27.12.2021)

You've reached the end of published parts.

⏰ Last updated: Jan 06, 2022 ⏰

Add this story to your Library to get notified about new parts!

Every morning I start with youWhere stories live. Discover now