"အပေါ်ထပ်အကုန်စစ်ကြည့်ပြီးပြီ ရွေ့လျားနေတဲ့ ပစ္စည်းတစ်ခုမှမရှိဘူး"
ချန်းယောလ် အောက်ထပ်က အကုန်စစ်ဆေးပြီးတာနဲ့ အပေါ်တက်လာတော့ အပေါ်ထပ်ကို ခွဲဝေစစ်ဆေးသူတွေက လှေကားရင်းမှာပင် သူတို့စစ်ဆေးရသမျှကို ပြောပြလာသည်။
"ကျနော်တို့လည်း အောက်ထပ်ကိုကြည့်ခဲ့ပြီ ရွေ့လျားမှုတစုံတရာ မတွေ့ခဲ့ဘူး"
"လူတွေလည်းမရှိပဲ အခန်းတိုင်းအကုန်လွတ်နေတော့ ဒီအဆောက်အဦးမှာ ရှင်သန်သူမကျန်ခဲ့ဘူးထင်တယ်"
အဖွဲ့ထဲက တယောက်က ဟိုဒီကြည့်ရင်းမှတ်ချက်ပေးလာတော့
"ကဲပါ ဒီက စားစရာတွေကို အရင်ထုပ်ပိုးကြရအောင် အကိုဂျောင်ဝန်းတို့က အဆောက်အဦးတခုလုံးက ရေဘူးတွေကို စုပြီး အောက်ထပ်မှာထားထားပေး "
"ဟုတ်ပြီ ချန်းယောလ်"
အကိုဂျောင်ဝန်းတို့၃ယောက် ရေဘူးတွေစုထားဖို့ ထွက်သွားတော့မှ ချန်းယောလ်နဲ့ ဆယ်ဟွန်း ရှိသမျှ စားစရာတွေ ရှာဖွေစုဆောင်းဖို့ ပြင်ကြရသည်။
"ရှူး ဆယ်ဟွန်း"
အခန်း၆၁၄ကို ဝင်ကာ စားစရာတွေယူနေတုန်း တလှုပ်လှုပ်ဖြစ်လာသော ဗီရိုငယ်တံခါးကြောင့် ချန်းယောလ် ဆယ်ဟွန်းကို ငြိမ်နေဖို့ အချက်ပြလိုက်သည်။
ထိုလှုပ်ရှားနေသောအရာဆီ တရွေ့ရွေ့တိုးသွားကာ လက်စွဲတော့ သံတုတ်နဲ့ အားပြင်းပြင်းရိုက်ချလိုက်တော့
"အားးးးး"
စူးဝါးတဲ့ အော်သံလေးကြောင့် ချန်းယောလ်ရော ဆယ်ဟွန်းပါ နောက်ပြန်ပင် လဲကျသွားရသည်။
"ဘာဖြစ်တာလဲ ချန်းယောလ်"
"ဆယ်ဟွန်း"
သူတို့အသံကြောင့် အကိုဂျောင်ဝန်းတို့ပါ အပြေးတပိုင်းရောက်လာကြသည်။
ချန်းယောလ်လဲ ဘာမှမပြောနိုင် ကြောင်အလို့သာနေသည်။ တွေ့ခဲ့သမျှ ဒီလိုအော်တာမျိုးတခါမှ မကြုံဖူးတာအမှန်။
"ဆယ်ဟွန်း ဘာလို့အော်တာလဲ"
အကိုရှင်းဝူက ဆယ်ဟွန်းကို လှုပ်ယမ်းကာ မေးလိုက်တော့မှ